နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးတစ်ယောက် Shangpree Skin Care ကြော်ငြာရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အစိမ်းရောင်အင်္ကျ ီလေးနဲ့ သူမရဲ့ပုံရိပ် လေးတွေက ကြွေချင်စရာပါပဲ။ မိတ်ကပ်ပြောင်ပြောင်လေးနဲ့ သူမရဲ့အလှတွေက ပိုပြီးကြွရွ လွန်းနေပါတယ်။ အသက်တွေတဖြည်းဖြည်းရလာပေမယ့် သူမရဲ့လှပမှုတွေက လျော့ပါး မသွားပဲ ပို၍ပို၍ တိုးလာပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကို အမြဲတမ်းဖမ်းစားနိုင်ခဲ့ပါတယ်။

သူမရဲ့ချစ်သူအဆိုတော် G-Fatt နဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ကမ္ဘာလေးကို ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ အတူတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်သား အတူတူ Live လွှင့်တဲ့အချိန်တွေကို ပရိသတ်တွေနဲ့ အပြန်အလှန်စကားပြောကြပြီး တကယ့်ကိုအားကျစရာလည်း ကောင်း ချစ်စရာလည်းကောင်းလွန်းပါတယ်။ ပရိသတ်တွေ အားကျရတဲ့ ဆယ်လီစုံတွဲတွေထဲက တစ်တွဲအပါအဝင်ပါပဲ။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို မိတ်ကပ် Jet Jet က " Shangpree Skin care ကြော်ငြာ ရိုက်လိမ်းထားပေးတယ် ပြောင်ပြောင်လေး ဖြစ်အောင်လိမ်းထားပေးတယ် " ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ ဆံပင်တွေကို အကုန်လုံးစုစည်းပြီး ပြောင်ရှင်းနေတဲ့ သူမရဲ့မျက်နှာလေးက တကယ်ကိုလှပလွန်းနေပါတယ်။ အချိန်တွေကြာလေ ပိုပြီးချစ်စရာကောင်းလေးဖြစ်လာတဲ့ နန်းဆုရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Jet Jet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။