လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းပြဿနာများထဲတွင် ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂလီပြဿနာများလည်းပါဝင်နေတာတွေ့ရပါတယ်။ အဆိုပါ ပြဿနာတွေထဲက အဓိကတစ်ခုဖြစ်တဲ့ ပြည်တွင်းသို့ခိုးဝင်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ မကြာခနဖမ်းဆီးအရေးယူနေကြောင်း သိရပါတယ်။ 

မနေ့က မေလ ၁၇ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောက်တော်မြို့နယ်ဘက်မှ လှေဖြင့် ခိုးဝင်လာသူ အထောက်အထားမဲ့ ဘင်္ဂလီ လူမျိုး ၂၅ ဦးကို ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ အမ်းမြို့နယ်ရဲမှူးက “ ဖမ်းမိတာ အားလုံး ကျား ၂၂ ယောက်၊ မ ၃ ယောက်၊ စုစုပေါင်း ၂၅ ယောက်ဖြစ်ပါတယ်” ဟု အတည်ပြု ပြောကြားခဲ့ပါတယ်။ အဆိုပါဖမ်းမိသူများအား အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအုပ်စု၊ ချောက်ခြုံတောင် ကျေးရွာအနီး၊ ကမ်းထောင်ကြီးလမ်းဘေး တောတွင်း ခြုံဘေးတစ်နေရာတွင် ဖမ်းမိခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ 

“ ကနဦး စစ်ဆေးချက်အရ သူတို့ဟာ ကျောက်တော်မြို့နယ်မှာ နေထိုင်ကြ

သူတွေ ဖြစ်ကြပြီးလှေနဲ့ လာကြတာလို့ သိရပါတယ်။ သူတို့ကို စစ်ဆေး

နေတုန်း ဖြစ်တဲ့ အတွက် လှေနဲ့ လာပြီး ဘယ်ကို ဆက်သွား ကြမလဲဆိုတာ

မေးမြန်းနေတုန်း ဖြစ်ပါတယ်” ဟု မြို့နယ်မှူးက ပြောကြားသည်။ လက်ရှိ သူတို့ကို အမ်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း

သိရှိရပါတယ်။

Photos  - မှုခင်းသတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။