လူတိုင်းလူတိုင်းမှာအချစ်ဦးဆိုတာ ရှိကြမှာပါ ။ အချစ်ဦးနဲ့ရည်းစားဦးကတော့မတူပါဘူးနော် ။ အချစ်ဦးဆိုတာ ကိုယ်ပထမဆုံးစိတ်ထဲက နှစ်နှစ်ကာကာချစ်ခဲ့ရတဲ့သူကို ခေါ်တာဖြစ်ပြီး ရည်း စားဦးကတော့ ကိုယ်ပထမဆုံး အချစ်ကိုခံစားတတ်ခဲ့စဉ်က တွဲခဲ့တဲ့ပထမဆုံး ရည်းစားကို ဆို လိုခြင်းဖြစ်ပါတယ်နော် ။ အချစ်ဦးနဲ့သက်ဆုံးတိုင်လက်တွဲသွားရတယ်ဆိုတာကတော့ ရှားပါတယ်နော် ။ အချစ်ဦးနဲ့လမ်းခွဲခဲ့စဉ်က နာကျင်မှုမျိုးကတော့ ပြောမပြတတ်အောင် ထိခိုက်ကြေ ကွဲခဲ့ရမယ်ဆိုတာတော့ အသေချာပါဘဲ ။ 

(၁) ကိုယ့်ကိုယ်ကိုချစ်ဖို့ပြန်ကြိုးစားပါ ။

သင်သူနဲ့ချစ်ခဲ့တဲ့တစ်လျှောက်လုံး သူ့ကိုဘဲစိတ်ရောကိုယ်ပါနှစ်ပြီးချစ်ခဲ့ပြီးပြီမလား ။ သင်နာ ကျင်ခံစားနေရတဲ့ အဓိက အကြောင်းရင်းကတော့ သင့်ကိုသင်ချစ်ဖို့မေ့လျော့နေခဲ့လို့ပါဘဲ ။ လမ်းခွဲခဲ့ရတာ ငါ့အပြစ်လား ငါ့အားနည်းချက်ကြောင့်လားဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ချောင်ပိတ်မနေသင့်ပါဘူး ။ သင့်ကိုသင်ချစ်တတ်ဖို့ပြန်ကြိုးစားပါ ။ အစားပုံမှန်စားပါ ၊ ကျန်းမာ ရေး ဂရုစိုက်ပါ ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားပါ၊ သင့်ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေအတွက် ပြန်ကြိုးစားပါ ။ 

(၂) သင့်မြင်ကွင်းထဲကသူ့ကိုဖယ်ထုတ်ပါ ။

သူ့ရဲ့ Facebook , Instagram အကောင့်တွေကို ဘလော့ပါ ။ မြင်နေရင်သင်နာကျင်နေပြီးမေ့ပစ်ဖို့ခက်ခဲနေဦးမှာပါ ။ သူ့ကို သင့်မျက်စိရှေ့ကနေ တတ်နိုင်သလောက် ဝေးအောင်လုပ်ပါ ။ သူနဲ့ပတ်သတ်တဲ့ ဓာတ်ပုံတွေအမှတ်တရ ပစ္စည်းတွေကို လွှင့်ပစ်လိုက်ပါ ။ သူနဲ့ပတ်သတ်တာတွေမြင်နေရတာက သင့်ဒဏ်ရာတွေကို အသစ်ဖြစ်စေလို့ သူနဲ့ပတ်သတ်သမျှအရာတွေ သင့်မြင်ကွင်းထဲက ဖယ်ထုတ်လိုက်ပါ ။ 

(၃) ခံစားချက်တွေဖုံးကွယ်မထားပါနဲ့ ။

အသည်းကွဲရင် ရင်ကွဲမတတ်ခံစားရတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ရင်ဘတ်ထဲ ဟာတာတာဖြစ်နေတာ ၊တစ်ယောက်ထဲဖြစ်နေသလို ခံစားရတာ ၊ စိတ်ဓာတ်ကျတာ ၊အိပ်မ က်တွေ ပျက်စီးသွားတာ စတာတွေဟာ အသည်းကွဲတဲ့သူတိုုင်းခံစားရပါတယ်။ ဒီအတွက် သင်အကြာကြီးတော့ အချိန်မယူမိပါစေနဲ့။ ဒါပေမယ့် သင်ခံစားရသလောက် ငိုချလိုက်ပါ ၊ သူ ငယ်ချင်းတွေကို ရင်ဖွင့်ပါ ။ တစ်ယောက်ထဲခံစားနေရတာထက်တော့ ပိုသက်သာမှာပါ ။

(၄) ကောင်းတာတွေထပ်လာဦးမှာ ပါ ။

သင့်အပေါ်မကောင်းတဲ့လူတစ်ယောက် သင့်အနားက ပျောက်ကွယ်သွားလို့ နာကျင်ခံစားနေရတာ သင့်အပြစ်မဟုတ်ပါဘူး ။ ဒါပေမယ့် အချိန်အကြာကြီးတော့ခံစားမနေပါနဲ့။ သင့်အပေါ်သူ့ထက်ပိုကောင်းတဲ့ လူတစ်ယောက်ရောက်လာနိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့ ။ ကောင်းတာတွေလာဖို့ အဆိုးတွေဖယ်ပေးလိုက်ရတယ်လို့ တွေးပြီး ဖြေသိမ့်လိုက်ပါ ။ 

(၅) နောင်တတေထားခဲ့လိုက်ပါ ။

ဒီလိုလူမျိုးကိုမှ ချစ်ခဲ့မိလေခြင်းလို့ သင့်ကိုသင် အပြစ်မြင်နေတာတွေ နောင်တရနေတာတွေကိုထားခဲ့လိုက်ပါတော့ ။ ပြီးခဲ့တာတွေကို ပြန်ပြင်ဆင်လို့မရတော့ပါဘူး ။ နောင်လာမယ့် အနာ ဂတ်မှာသာ အမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးဆိုတာတွေအတွက် ပြန်လည်တည်ဆောက်ဖို့ကြိုးစားပါ ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။