ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေးရွှေမှုံရတီကတော့ သူမရဲ့ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်အကောင့်အသစ်တစ်ခုထပ်ဖွင့်လိုက်ပါတယ်..။

သူမရဲ့အကောင့်အသစ်ကိုတော့ အရင်အကောင့်နာမည်အတိုင်း Shwe Mhone Yati ဆိုတဲ့နာမည်နဲ့ပဲ ဖွင့်လိုက်တာ ဖြစ်ပါတယ်..။

သူမဖေ့စ်ဘွတ်အကောင့်အသစ်ဖွင့်လိုက်တဲ့အကြောင်းလေးကိုတော့ ညီမဖြစ်သူငွေမှုံရတီရဲ့ ဖေ့စ်လွတ်စာမျက်နှာကနေ မေလ(၁၆)ရက်နေ့က ပြောပြထားတာ ဖြစ်ပါတယ်..။

“ဒါ သဲaccပါဟိုaccမရခင်ဒါပဲသုံးမှာပါတဲ့ရတုန်းaddလိုက်ကြအုံးနော်..” ဆိုပြီး ပရိသတ်တွေကို အသိပေးရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောရွှေမှုံရတီရဲ့ မူလဖေ့စ်ဘွတ်အကောင့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဟက်ကာတွေရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရတာဖြစ်ပြီး အကောင့်ပြန်ရရင်တော့ အရင်အကောင့်ကိုပဲ ပြန်သုံးမှာဖြစ်တယ်လို့ ဆိုပါတယ်..။

ပြည်သူ့အချစ်တော်မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အေကာင့်အသစ်လေးကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရွှေမှုံရတီ၊ ငွေမှုံရတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။