ယနေ့ည ၁၀ း ၄၅ မှာကစားမဲ့မန်ယူနဲ့ ချဲလ်စီး တို့ပွဲမှာတော့ ဖလားလက်မဲ့ ရာသီမဖြစ်ဖို့အသည်းအသန်ကြိုးစားကြမှာပါဖြစ်ပါတယ်။နယူးကာဆယ်ကို ရှုံးနိမ့်ထားတာကြောင့် ချလ်စီးခြေစွမ်း ကအကျပိုင်းကိုရောက်နေပါတယ်။၂၀၁၆.၂၀၁၇ ပရီးမီးယားချန်ပီယံဘွဲ့ ကိုထိန်းသိမ်းဖို့အတွက် FAဖလားကို အရယူပြချင်နေပါတယ်။ ကစားကွက်ကတော့ ၃.၅.၂ ကိုအသုံပြုဖို့ များနေပါတယ်။

မန်ယူကတော့FAဖလားကို ရယူဖို့စိတ်အားထက်သန်နေပြီး FAဖလား ရဖို့ရေပန်းလည်းစားနေပါတယ်။လူကာကူကတော့ ဒဏ်ရာကြောင့်ပါဝင်မယ် မပါဝင်ဘူးဆိုတာ မသေချာသေးပါဘူး။မန်ယူအနေ့ဖြင့်၄ ၃ ၃ နဲ့သာပွဲ ထွက်ဖို့ရှိနေပါတယ်။မန်ယူအနေဖြင့် hazard ကိုသာထိန်းဖို့ရှိနေပြီး အမြင့်ဘောတွေကိုသာ အဓိကထားကစား ရမှာဖြစ်ပါတယ်။

ထိပ်တိုက်တွေဆုံမှုတွေမှာ ချလ်စီးက ၉ကြိမ်နိုင် ၆ပွဲ သရေ မန်ယူက၈ ကြိမ်နိုင်ထားပါတယ်။ယခုနောက်ပိုင်းပွဲတွေမှာ နှစ်သင်းစလုံး သွင်းဂိုးတွေနည်းနေပါတယ်။မန်ယူအသင်းရဲ့တိုက်စစ်မှူး ဆန်းချက်ကတော့ ချလ်စီးနဲ့ တွေ့တိုင်း ဂိုးတွေသွင်းထားပါတယ်။မန်ယူအနေဖြင့် ၁ဂိုးလောက်နှင့် သာကပ်နိုင်သွားဖို့ ရှိနေပါတယ်။ဂိုးအရေအတွက်များမယ်လို့မထင်ပါဘူး။မန်ယူ ၂ ချလ်စီး ၁ (သို့) မန်ယူ ၁ ချဲလ်စီး ၀ လောက်ဖြင့်သာ မန်ယူနိုင်သွားဖို့ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။