မြန်မာဘောလုံးချစ်ပရိသတ်တွေရဲ့ အသည်းစွဲအောင်သူကတော့ ထိုင်းလိဒ်ဝမ်းမှာ ခြေစွမ်းပြနေတာကြောင့် အသင်ကြီးတွေရဲ့ စိတ်ဝင်စားမှုခံနေရပါတယ်။အောင်သူအနေဖြင့် အာရှ ထိပ်သီးတိုက်စစ်မှူး ဖြစ်ချင်ရင်တော့ အသင်းပြောင်းရွေ့သင့်ပါတယ်။အသက်အရွယ်အရလည်း အသင်းပြောင်ဖို့ဖြစ်လာနေပါတယ်။ 

အောင်သူ ရဲ့ ယခုအသက်အရွယ်က ဘောလုံးလောကမှာ ခြေစွမ်းပြဖို့ အကောင်းဆုံးနဲ့ ခြေစွမ်းအတိုးတတ်ဆုံးအချိန်ပါပဲ။ယခုအသက်အရွယ်ကလည်း ထိပ်သီးအင်အားကြီး အသင်းတွေ အလိုချင်ဆုံး အသက်အရွယ်ဖြစ်နေပါတယ်။ထိုင်းလိဒ်အသင်ကြီးတွေကလည်း သူတို့လိဒ်ရဲ့ ကစားသမားကောင်းကို လက်လွတ်မခံချင်တာကြောင့် အပြိူင်ခေါ်ယူမဲ့သဘောမှာရှိနေပါတယ်။

Police Tero အသင်းအနေဖြင့် အခုနောက်ပိုင်းပွဲတွေမှာ အောင်သူတစ်ယောက် ထဲကို အားထားလာတာတွေ့ရပါတယ်။အောင်သူကတော့အပြောင်းအရွေ့နဲ့ ပတ်သတ်ပြီး ဘာမှမပြောထားသေးပါဘူး။Police Tero အသင်း အနေဖြင့် အောင်သူကို ဝယ်ယူစဉ်ကထက် အမြတ်များစွာ ရရှိနေပါတယ်။အောင်သူဘယ်ကို ပဲပြောင်းပြောင်း မြန်မာဘောလုံးချစ်ပရိသတ်ကြီးကတော့ အောင်သူကိုအားပေးနေမှာအသေအချာပါပဲခင်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။