ပရိသတ်အချစ်တော် Rocker အဆိုတော်ကြီး အာဇာနည်ကိုတော့ အားလုံးကြိုက်မယ်ထင်ပါတယ်။ တေးသီချင်းအလန်းစားများစွာကို သီဆိုခဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် တချိန်က မြန်မာထိပ်ဆုံးအဆိုတော်စာရင်းထဲပါဝင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိအဆိုတော်အာဇာနည်ကတော့ ချစ်စရာသားရတနာ နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုလေးကို ဖန်တီးတည်ဆောက်ထားတာတွေ့ရပါတယ်။  

မနေ့ညက အာဇာနည်ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် သားငယ်ချစ်စရာတုန်ရဲ့ ပြောင်းလဲမှုတစ်ခုကြောင့် ပျော်ရွှင်ခဲ့ရကြောင်း တွေ့ရပါတယ်။ အဆိုပျော်ရွှင်မှုလေးနှင့်ပတ်သက်ပြီး အာဇာနည်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် "ဒီနေ့ မနက် 11:50 am မှာ ချစ်ချစ်လေး စမှောက် တယ်" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။  

ချစ်စရာသားလေးတွေနဲ့ တစ်ညတာထိန်းခဲ့ရတဲ့ အာဇာနည်ကတော့ ပျော်ရွှင်စရာအဖြစ်အပျတ်တစ်ခု ကိုမြင်တွေ့ခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ပရိသတ်အချစ်တော်လေးတွေဖြစ်လာမည့် အဆိုတော်အာဇာနည်နှင့် ဝမ်းတို့ရဲ့ သားရတနာ ဖစ်ဖစ်တုန်နှင့် ချစ်ချစ်တုန်တို့ရဲ့ ဓာတ်ပုံလေးတွေနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။