အောင်ထက်ကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့အနုပညာရှင်အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ တေးသီချင်းကောင်တွေကိုသီဆိုတက်ပြီး ကောင်းမွန်တဲ့အသံပါဝါကြောင့် ပရိသတ်အားပေးမှုများစွာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ယခုအခါမှာတော့ အောင်ထက်ရဲ့ လမ်းကြုံဝေမျှခြင်းနဲ့ပတ်သက်ပြီးသူရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားတဲ့စာသားလေးတွေနဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပြပေးလိုက်ရပါတယ်။

ဒီဟာလေးကတော့ တကယ့်ကိုအကျင့်ကောင်းလေးတစ်ခုဖြစ်ပါတယ်။ပရိသတ်တွေလည်း အတုယူစရာကောင်းတဲ့အပြုအမူလေးတစ်ခုပါ။သူကတော့သူတက်ထားတဲ့ ပညာလေးတွေကို လမ်းကြုံရင် ကြုံသလို တက်နိုင်သလောက်လေးဝေမျှတဲ့အကျင့်လေးပဲဖြစ်ပါတယ်။ဝေမျှပြီးရင်လည်း ဝေမျှပြီးတဲ့အချိန်တိုင်းပေးမိတယ်လို့လည်းသိရပါတယ်။

အောင်ထက်ရဲ့လူမှုကွန်ယက်ပေါ်မှာတော့"* လမ်းကြုံဝေမျှခြင်း*

ကျွန်တော့်ဘဝမှာ

*ပညာတစ်ခုကိုလေ့လာသင်ယူခြင်း နဲ့ ပြန်လည်ဝေမျှခြင်း*

ဆိုတဲ့အလုပ်ကို လမ်းကြုံတိုင်းလုပ်လေ့ရှိတယ်

ခဏလေးကြုံလို့ပဲဖြစ်ဖြစ် အကြာကြီးဆုံခွင့်ရလို့ပဲဖြစ်ဖြစ်ပေါ့

တစ်ဖက်က ကျွန်တော့်သိတဲ့အရာတွေကို

ဝေမျှဖို့တောင်းဆိုလာတဲ့အချိန် လမ်းကြုံဝေမျှလိုက်ပါတယ်

ကျွန်တော်ဝေမျှလိုက်တဲ့ အရာတစ်ခုခုက တစ်ချိန်မှာတစ်ဖက်သားအတွက် အသုံးဝင်ပြီး အသုံးပြုနိုင်ပါစေလို့လည်း

ဝေမျှပြီးတဲ့အခါတိုင်း ဆုတောင်းပေးမိတယ်

အာလုံးရဲ့ဘဝတွေ သာယာလှပကြပါစေ"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကို သဘာဝကျနေပြီး ကလေးတွေပျော်ရွှင်နေတာကိုလည်းတွေ့မြင်ရပါတယ်။ပရိသတ်ကြီးရော ကောင်းမွန်တဲ့အောင်ထက်ရဲ့အကျင့်ကောင်းလေးအတွက် တစ်ခုခုပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-အောင်ထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။