"မုဆိုးမလေး မဂင်္ဂါ"ရုပ်သံဇာတ်လမ်းတွဲမှာ မဂင်္ဂါ ငယ်ဘဝအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ruhana khanna ကို ပရိသတ်တွေအသည်းပေါက်မတတ်ချစ်ခင်အားပေးခဲ့ကြပါတယ်။မဂင်္ဂါတစ်ယောက် ကလေးဘဝကတည်းက ရှေးရိုးစွဲအစဉ်အလာတွေကို ဆန့်ကျင်ပြီး အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်နဲ့ ဂုဏ်သိက္ခာတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သရုပ်ဆောင်ချက်တွေက အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာတစ်လွှားက အမျိုးသမီးတွေရဲ့ စံပြ ဇာတ်ကောင်စရိုက်အဖြစ်ပြောစမှတ်တွင်သွားတဲ့အထိ ဒီ ဇာတ်ကားဟာ အောင်မြင်ခဲ့ပါတယ်။

ဂင်္ဂါတစ်ယောက်အရွယ်ရောက်သွားချိန်မှာတော့ ပရိသတ်တွေအားလုံးက မဂင်္ဂါငယ်လေးကို လွမ်းဆွတ်တသသဖြစ်ပြီး ကျန်ရစ်နေခဲ့ကြပါပြီ။ ဒီအချက်တွေကြောင့် "မုဆိုးမလေး မဂင်္ဂါ"ရုပ်သံဇာတ်လမ်းတွဲ စီစဉ်သူများက အပြောင်းအလဲတစ်ခုကိုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကတော့ မဂင်္ဂါငယ်လေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ruhana khanna ကို ဇာတ်လမ်းရဲ့ နောက်ထပ်ဇာတ်ကောင်တစ်ခုအဖြစ်နဲ့ပြန်လာစေခဲ့တာပါ။မဂင်္ဂါ ဟာ ဇာတ်လမ်းအရ ကရစ်ရှနားအမည်နဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားမှာဖြစ်ပါတယ် ။ အဲဒီကလေးငယ်နေရာမှာ မဂင်္ဂါငယ်လေး ထပ်မံသရုပ်ဆောင် ရမှာဖြစ်ပါတယ်။ 

အခုလို ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့ခွင့်ရရှိခဲ့တဲ့ အပေါ် မီဒီယာတွေ့နဲ့ တွေ့ဆိုစဉ်မှာ မဂင်္ဂါလေးက အခုလိုဆိုပါတယ်။ " အခုလိုပြန်လာခွင့်ရခဲ့တဲ့ အတွက် သမီးအရမ်းပျော်ပါတယ်ရှင့် ၊ အခုဆို သမီးက ဂင်္ဂါ အဖြစ်ရော ၊ ကရစ်ရှနားအဖြစ် ပရိသတ်တွေအချစ်ကိုခံရတော့မှာရှင့်"လို့အားရဝမ်းသာပျော်ဆိုခဲ့ပါတယ် ။ကဲပရိသတ်ကြီးရေ မဂင်္ဂါလေး ပြန်လာတော့မှာကို အားပေးကြမယ်ဟုတ်။

Source - HindustanTimes

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။