သူမရဲ့နာမည်အရင်းက Gal Gadot-Varsano ဖြစ်ပါတယ်။သူမကို 30 April 1985 မှာ Israel မှာမွေးပြီး အစ္စရေးနိုင်ငံသူတစ်ယောက်ပါ။Gal က ဥပဒေပညာနဲ့ ဆက်ဆံရေး ပညာဘာသာရပ်ကို IDC Herzliya college မှာတတ်ရောက်ခဲ့သူပါ။ရိုးရာဓလေ့အစားအစာတွေနဲ့ အီတလီခေါက်ဆွဲ တွေကို သူမကြိုက်ပါတယ်။

သူမငယ်ငယ်က ရှေ့နေ ဖြစ်ချင်ခဲ့တာပါ။သူမဟာ အသက် ၁၈ နှစ်နဲ့ miss သရဖူ ရတာပါ။သူမ ရဲ့ အဖေဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အမေက ဆရာမပါ။ သူမမှာ Dana ဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ Volleyball Tennis နဲ့ Basketball တို့ကို သူမအရမ်းကြိုက်ပါတယ်။သူမဟာ ၂ နှစ်တိတိ Israel စစ်တပ်မှာ အားကစားနည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

သူမဟာ ငယ်ငယ်က အချိန်ပိုင်းကလေးထိန်းအလုပ် နဲ့စားပွဲထိုးလုပ်ဖူးပါတယ်။သူ့ယောက်ျားဟာ မြေကွက်တွေဝယ် အိမ်ဆောက်မွန်းမံ ပြန်ရောင်းတဲ့စီးပွားရေးသမားတစ်ဦးဖြစ်ပါတယ်။သူမမှာ သမီးလေးနှစ်ယောက်လည်း ရှိပါတယ်။သူမဟာ fast and furious မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူမဟာ Woderwoman ရိုက်နေစဉ်မှာ ကိုယ်ဝန်ကြီး နဲ့ဖြစ်ပြီး Woder Woman 2 ကားက 2019 မှာထွက်လာတော့မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။