ဆယ်နှစ်ကြိုးရန် နှင့် မဟာဟနုမာန်ရဲ့ ဘုန်းတန်ခိုး ဇာတ်ကားထဲက ပရီဒီ ကို ပရိသတ်ကြီးသိကြမှာပါနော်။ပရီဒီရဲ့ အမည်ရင်းက Mona Singh ဖြစ်ပါတယ်။ မိုနာက TV presenter, မော်ဒယ်၊ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်ပါတယ်။ ဆယ်နှစ်ကြိုးရန် နှင့် မဟာဟနုမာန်ရဲ့ ဘုန်းတန်ခိုး ဇာတ်လမ်းတွဲမှာ ဟာနုမာန်ဘုရားသခင် ကို ယုံကြည်သက်ဝင်မှုတစ်ခုတည်း နဲ့ အန္တရာယ်အသွယ်သွယ် ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ပရီဒီ အနေနဲ့ သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ခဲ့ပါတယ်

ပရီဒီ (မိုနာ) တစ်ယောက် ၂၀၀၃ ခုနှစ်မှာရိုက်ကူးတဲ့ There is no one like Jassi ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အဓိက သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ဆယ်နှစ်ကြိုးရန် နှင့် မဟာဟနုမာန်ရဲ့ ဘုန်းတန်ခိုး ဇာတ်ကားကို ၂၀၁၆ ခုနှစ် မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွက် အနုပညာဆုပေါင်း (၈) ဆု ရရှိထားသူတစ်ယောက်ပါတဲ့ရှင်။အရမ်းသရုပ်ဆောင်တာတော်တဲ့သူမို့ ဒီဆုတွေကိုရရှိထားခြင်းဖြစ်ပါတယ်။

နာမည်ကျော် ရုပ်ရှင်ဇာတ်ကား 3 idiots ထဲမှာ မင်းသမီးရဲ့ အစ်မဗိုက်ကြီးသည်မလေး အဖြစ်နဲ့လည်း သရုပ်ဆောင်ထားပါတယ်။အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ မိုနာရဲ့ လက်ထပ်သတင်းကို စောင့်မျှော်နေကြတဲ့သူတွေရှိပေမယ့်လည်း မိုနာကတော့ အခုလိုမျိုး လွတ်လွတ်လပ်လပ် နဲ့ အလုပ်လုပ်ရတာကလည်း အဆင်ပြေတဲ့အပြင် မိဘတွေကလည်း အလုပ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတတ်သူတစ်ယောက်ပါ ။ဘယ်လောက်ပဲ ဆိုးတဲ့သူဖြစ်အုံးတော့ ကိုယ်တကယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ချင်ပါတယ်တဲ့။ ကဲပရိသတ်ကြီးရေ ပရီဒီလေးအကြောင်းသိသွားပြီဆိုရင် တခြားသူတွေအတွက် မျှဝေပေးပါဦးနော်။

Source - Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။