ချာလီပါကာဆိုတဲ့ အသက် ၈ နှစ်အရွယ် ကလေးလေးက မြွေကြီးတွေနဲ့ မိချောင်းတွေကို ပွေ့ဖက်ရင်း သူရဲ့အချိန်တွေကိုကုန်ဆုံးစေတယ်။ သြစတေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်က ဘယ်လာရက်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူ တွေဖြစ်တဲ့ မိဘတွေရဲ့ အလုပ်ကို လမ်းလျှောက်တတ်စအရွယ်ကတည်းက လုပ်ကိုင်ခဲ့ပါတယ်။

သူ့အသက် ၁ နှစ်အရွယ်မှာ ပထမဆုံး မြွေကို ဖမ်းခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ ပထမဆုံး မိချောင်းကို ကိုင်တွယ်ခဲ့ပါတယ်။သူ့ရဲ့အိမ်မက်ကတော့ နောင်တချိန်မှာ တိရစ္ဆာန်ရုံ ကျွမ်းကျင်ဝန်ထမ်း စတီဗ်အိုင်ဝင်ဖြစ်တယ်လို့ ဆိုပါတယ်။"သူက တိရစ္ဆာန်တွေကို ကိုင်ရတဲ့အခါ စိတ်လှုပ်ရှားကြောင်း၊ ဖားတွေ မြွေတွေ မိချောင်းတွေနဲ့ ဆော့ကစားရတာ ကြိုက်ကြောင်း၊ မြွေ မိချောင်း အဆိပ်ရှိမြွေတောင် ကိုက်ခံရဖူးကြောင်း" ပြောပါတယ်

“ချာလီက ဥယျာဉ်ထဲက တိရစ္ဆာန်အများစုနဲ့ အပြန်အလှန် တုံ့ပြန်နိုင်တယ်။ ပင်ဂွင်းတွေနဲ့ အလုပ်လုပ်ရတဲ့အခါလည်း သူပျော်တယ်။ အထူးသဖြင့်တော့ တွားသွားသတ္တဝါတွေနဲ့ပါ။ တိရစ္ဆာန်တွေကြားမှာ သူက အရမ်းကို သဘာဝအတိုင်းလေးပဲ ဖြစ်နေတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။ဖခင်ဖြစ်သူကလည်း ချာလီလေးက ၅ မီတာရှည်ပြီး ၇၀၀ ကီလိုဝန်းကျင်လေးတဲ့ အတော်အတန်အန္တရာယ်ရှိတဲ့ တောရိုင်းသတ္တဝါ ရေငန်မိချောင်း ခရန့်ချ်ကို နှစ်သက်ကြောင်း သူက ဒီမိချောင်းနဲ့ဆို သက်တောင့်သက်သာရှိပြီး မိချောင်းကြီးရှိရာကိုပဲ တချိန်လုံး သွားနေကြောင်း ပြောပါတယ်။

Source : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။