တစ်ချိန်ကအနုပညာလောကမှာ ထွန်းတောက်ခဲ့တဲ့ ကြယ်တစ်ပွင့် မင်းသားကြီးကျော်သူကတော့ လက်ရှိမှာ ရန်ကုန်နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဌတစ်ယောက်အဖြစ်နဲ့ ရော ပရဟိတ လှုပ်ရှားသူတစ်ယောက်အဖြစ် နဲ့ပါ ပြည့်သူအကျိုးပြုလုပ်ငန်း တွေလုပ်ဆောင်လျက်ရှိပါတယ်။ဘာသာတရားကိုင်ရှိုင်းပြီး အချိန်ရရင်ရသလို တရားဓမ္မကျင့်ကြံအားထုတ်လေ့ရှိတဲ့ ဦးကျော်သူကတော့ လက်ရှိမှာလည်း (၁၅)ပေအနက်ရှိတဲ့ မြတ်စွာဘုရား ခြေတော်ချခဲ့တဲ့တောင်တော်ပေါ်ရှိ အဘဘိုးဘိုးအောင် ကျင့်ကြံခဲ့တဲ့ဂူမှာ တရားသွားရောက်အားထုတ်ခဲ့တယ် လို့သိရပါတယ်။ 

အဲ့ဒီဂူအတွင်း သွားရောက်တရားအားထုတ်စဉ် ထူးထူးခြားခြားဖြစ်စဉ်များနဲ့ ကြုံတွေ့ခဲ့ပုံကိုလည်း သူရဲ့လူမှုကွန် ယက်မှာရေးသားမျှဝေခဲ့ပါတယ်။ ဂူအနက်က (၁၅)ပေခန့်။ အနေအထားက မြေပြင်မှတည့်တည့်မတ်မတ်။တည် ရှိရာကပန်းတောင်းမြို့နယ် ဖိုးဦးတောင်ထူးခြားချက်က မြတ်စွာဘုရားခြေတော်ချခဲ့တဲ့တောင်တော်ပေါ်ရှိ အဘ ဘိုးဘိုးအောင်ကျင့်ကြံခဲ့တဲ့ဂူ။အတွေ့အကြုံကတော့ ခဲရာခဲဆစ်ခြေကိုကန် ကျောနဲ့တွန်း၍ ဆင်းခဲ့ရသည်။ အောက်ရောက်ရောက်ခြင်း အသက်ရှူမ၀ မောဆို့နေသည်။ခေတ္တခဏနား၍ မြေပြင်သို့ထိုင်လိုက်စဉ် လူတစ်ထိုင်စာနေရာသာရှိသည်ကိုသတိထားမိသည်။

လေဝင်ပေါက်လုံးဝမရှိပေ။သို့သော်တရားမှတ်မေတ္တာပို့ရင်းဖြင့်လေကောင်းမွန်စွာရရှိခဲ့သည်။ရှုမှတ်ပုံကတော့ အသုဘကမ္မဌာန်း။အတွေ့အကြားက မြေကြီးတွင်း မှသဘောၤကြီးရေပြင်ကိုခွဲပြီးခုတ်လာသံလိုလို မြေတူး စက်ကြီးမိမိအနားသို့ရောက်လာသံလိုလို။ဘာမှန်းတော့မသိ။အပေါ်သို့(၁၅)မိနစ်ခန့်တရားမှတ်ပြီးပြန်တက်လာတော့သည်။မိမိသည်အနိစ္စ ဘာမှမရှိ၊ဘာမှမဟုတ်ဆိုသည့် အသိတစ်ခုတော့ရခဲ့သည်။အဖြေ ကား??? ထဲထဲ ဝင်ဝင်နားလည်တတ်ကျွမ်းသူများ အလင်းပြပေးပါရန်။လေးစားစွာ ဖြင့်...ကျော်သူ။”ဆိုပြီး သူကြုံတွေခဲ့ရတဲ့ ထူး ဆန်းတဲ့အဖြစ်အပျက်တွေ အခက်ခဲတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - ကျော်သူ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။