ဖြိုးသီဟဆိုတာ မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ရတဲ့ နာမည်ကျော်Stylist တွေထဲက တစ်ဦးပါ။ မကြာမှီက ရုံတင်ပြသခဲ့တဲ့ Reflection ဇာတ်လမ်းမှာ အိန္ဒြာကျော်ဇင် အတွက် ပင်တိုင် Stylist အဖြစ်ပါဝင်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ် ။ Fashion Magazine များစွာနဲ့ ဓါတ်ပုံရှုတင်များစွာအတွက် မတူညီတဲ့ရသတွေကို ဖန်တီးပေးခဲ့တဲ့ Stylist ဖြိုးသီဟတစ်ယောက် ယမန်နေ့က Rose Quatzအဖွဲ့အတွက် ပြုလုပ်ပေးရမယ့်ရိုက်ကူးရေးအစီအစဉ်ကို ၎င်းဘက်မှဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ 

"ရိုက်ကူးရေးမစတင်ခင် ထိုသူများ ပြင်ထားပြီးသောအလှအပဆိုင်ရာများကို ချိန်းရန်အချိန်မှာတော့ မန်နေဂျာဘက်မှ ခလေးမလေးများရဲ့ ပင်ကိုယ်ရုပ်ကို မပြချင်ပါသောကြောင့် ေ့ရှမှ တခြားလုပ်ငန်းဆိုင်ရာများအတွက်ရိုက်ကူးထားပြီးသော မိတ်ကပ်၊ဆံပင် ပုံစံနဲ့သာ ရိုက်ကူးဖို့ ညှိနှိူင်းပါတယ်။ ဒါဟာ လုံးဝကို လက်ခံနိုင်စရာမရှိပါ။ကျွန်တော့်အနေနှင့် ထိုသူတို့ တခြားလုပ်ငန်းဆိုင်ရာအတွက် ပြီးစီး လိမ်းကျံလာသော မိတ်ကပ် Look များနှင့် ရိုက်ကူးပေးဖို့မှာလည်း လုံးဝအစီအစဉ်မရှိပါ။ ကျွန်တော့်မှာ ကျွန်တော့် Theme ရှိပါတယ်။ လက်ခံပြီးသား အလုပ်တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော့ညွန်ကြားမှုအတိုင်း ကြိုးစားရမှာက ထိုသူတို့ တာဝန်ပါ။ လို့ သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

နိုင်ငံတကာ ဖက်ရှင်ရှိူးပွဲများ၊ ရိုက်ကူူးရေးများတွင်လည်း studio မှာ အစအဆုံး ကမ္ဘာကျော်အနုပညာရှင်များပင်လျှင် ဖျက်၊ လိမ်း၊ ချိန်း အစရှိသည်များကို ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ရပါတယ် လို့ ကိုဖြိုးသီဟကဆိုပါတယ်။"ကမ္ဘာကိုထိုးဖောက်ချင်တယ်ဆိုရင်တော့ ယခုကဲ့သို့ လက်မခံနိုင်စရာ အကြောင်းအရာများကို မန်နေဂျာမှ ရှောင်ရှားရမှာဖြစ်ပါတယ်။ ပင်ကိုယ်ရုပ်မပြချင်သော K Pop Artists များအကြောင်းလည်း ကျွန်တော်သိရှိပြီး ဖြစ်ပါတယ်။ သို့ပါသော်လည်း အလုပ်ချိန်သည် အလှပြရန် အချိန်မဟုတ်ပါ။ သို့ဖြစ်ပါသောကြောင့် ကျွန်တော့်ပညာနှင့် ရွေးချယ်ခဲ့သော အဝတ်အစားများကိုပါ တစ်ပါတည်း သိမ်းပြီး ကျွန်တော့ဖက်မှ မိတ်ကပ်ပညာရှင်များကိုပါ ပြန်လည်ခေါ်ဆောင်ပြီး ဖျက်သိမ်းခဲ့ပါတယ်။ ကျွန်တော်သည် မြန်မာကျော် မကလို့ 2ne1 ပင် ဖြစ်လင့်ကစားဂရုစိုက်နေမည့်သူ မဟုတ်ပါ ။"၎င်းသည် တာဝန်ကျေအောင် စေတနာထား လုပ်ဆောင်နေသော သူတစ်ဦးသာဖြစ်ကြောင်းရေးသားထားပါတယ်။

ပရိသတ်ကြီးရေ အားလုံးမျှော်လင့်ထားကြတဲ့ ဒီကိစ္စလေး ပျက်စီးသွားတာစိတ်မကောင်းစရာပါ စိတ်မကောင်းစရာဒီအဖြစ်အပျက်လေးက သင်ခန်းစာယူစရာတွေကို ပြုပြင်စရာတွေကို တခြားသူတွေအတွက်မျှဝေပေးပါဦးနော်။

Source- Phyo Thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။