ဆန့်ကျင်ဘက်လိင် ကဲ့သို့ဝတ်ဆင်သူအဖြစ်အသက် ၁၄ နှစ်အရွယ်ကစပြီးခံယူထားတဲ့ Amuse Cosmetic Brand Ambassador နဲ့ မော်ဒယ် နန်းမွေနှင်း တစ်ယောက် Thai Magazine တစ်ခုရဲ့ အလန်းစားCover Photo တွေကို ရိုက်ကုူးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။သူမရိုက်ကူးလိုက်တဲ့ဒီပုံတွေကြောင့်လည်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုများစွာထွက်ပေါ်နေတာဘဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်နဲ့မခြား တိတိပပ လှပလှတဲ့ သူမကို အမှတ်တမဲ့ကြည့်ရင် မိန်းကလေးလို့ဘဲထင်မိကြမှာ ကျိန်းသေပါ။ ဒီအလွန်အကျူး လန်းလွန်းလှတဲ့ပုံတွေကို ရိုက်ကူးပေးခဲ့တာကတောPhoto _ Khant Min Htinပါ။တခါမှမရိုက်ဖူးတဲ့အတွဲပုံစံလေးကိုThailand magazine တခုအတွက်ရိုက်ပေးထားတာလေး လို့ရေးသားထားပေမယ့် မည်သည့် magazine အတွက် ဆိုတာကို တိတိကျကျက ဖော်ပြထားခြင်းမရှိပါဘူး။

နန်းမွေနှင်းတစ်ယောက် လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆောင်ရွက်လာနေတယ်လို့လည်းသိရပါတယ်။ ပရိသတ်ကြီးလည်း ဒီပုံတွေက ဘာ့ကြောင့်လူတွေဝေဖန်နေကြသလဲဆိုတာကူပြီးစဉ်းစားပေးကြပါဦးနော်။

Source - Nann Mwe Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။