လက်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာတွေထဲမှာ ထူးအောင်တစ်ယောက်ကိုလည်း ချန်ထားလို့ မရပါဘူးနော်။ထူးအောင်ကတော့ တက်စသစ်အနုပညာရှင်တစ်ဦးဖြစ်ပေမယ့်လည်း တစ်စထက် တစ်စ ရေပန်းစားလူကြိုက်များနေလာပြီး အမိုက်စားဘော်ဒီနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက် ဖြစ်နေပါ တယ်။

အားကစားလိုက်စားပြီး အမြဲ Gym ဆော့ကာ ဘော်ဒီဝိတ်ကို ထိန်းနေတဲ့ ထူးအောင်ကတော့ သူရဲ့ အမိုက်စား ဘော်ဒီကြွက်သားတွေကို အသားပေးရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေလူမှုကွန်ယက်မှာ မျှဝေလေ့ ရှိတာ ကြောင့် ပျိုမေတို့ကြွေနေရတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ပရိသတ်တွေမြင်ဘူးနေကြခပ်မိုက်မိုက် ပုံရိပ်လေး တွေမဟုတ်ပဲ မြန်မာဆန်ဆန် စတိုင်လေးနဲ့ အရမ်းကို သန်နေတဲ့ ပုံရိပ်လေးတွေ မျှဝေလိုက်တာကြောင့် ပရိ သတ်တွေ အမြင်သစ်တစ်မျိုးနဲ့ အချစ်ပိုစေခဲ့တာပဲ ဖြစ်ပါတယ်။ 

ထူးအောင်ကတော့ လန်းဆန်းတဲ့ မနက်စောစောမှာ ဘုရားသွားကုသိုလ်ယူခဲ့ပြီး ကောင်းမွန်သောနေ့လေးတစ် နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းလေးတောင်းပေးထားတာပဲ ဖြစ်ပါတယ်။အဖြူရောင်လေးနဲ့ မြန်မာဆန် တဲ့ ထူးအောင်ရဲ့ အလှပုံရိပ်လေးတွေမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတွေကတော့ တဖြုတ်ဖြုတ်ကြွေနေရပါ ပြီ။ပရိသတ်တွေအမြင်တစ်မျိုးနဲ့ အချစ်ပိုစေမယ့် မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှေ၀ ပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ထူးအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။