မေလ(၂၀)ရက်နေ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ရှင်လေးကတော့ Big Bag band ရဲ့ Vocalist ဖြစ်သူ လူငယ်တေးသံရှင် ဟန်ထူးလွင်(ခ) ကျားပေါက်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တယ်လို့ သိရပါတယ်။ ကျားပေါက်ရဲ့ (၃၅) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ Happy Birthday ပါ ကျားပေါက်ရေဒီနေ့ မွေးနေ့လေးမှနောက်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့ မိသားစုလေးနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျားပေါက်ကတော့ လက်ရှိမှာချစ်ရတဲ့သမီလေး၂ယောက်ရယ် ချစ်ရတဲ့ ဇနီးချောလေးရယ်နဲ့ ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ရူးသွပ်ရတဲ့ အနုပညာဂီတတွေကို ဆက်လက်လုပ် ကိုင်ရင်းဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။တစ်ကိုယ်တော်အယ်လ်ဘမ်တွေ များစွာ ထွက်ရှိ ထားပြီ လက်တလောမှာလည်း အရမ်းလန်းတဲ့သီချင်းအသစ်လေးတွေ နဲ့လူငယ်ပရိ သတ်တွေကြား မှာလည်းအရမ်းကို ဟော့ဖြစ်နေတာပဲ ဖြစ်ပါတယ်။ 

ကျားပေါက်ကတော့လက်ရှိမှာလည်း ပရိသတ်စိတ်ဝင်စားမှုများစွာရရှိထားတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ နည်းပြ တစ်ယောက်အနေနဲ့ တာဝန်ယူဆောင်ရွှက်ပေးနေတာပဲ ဖြစ်ပါတယ်။နောက်ဆုံးထွက်ရှိထားတဲ့ သတိရတယ် ဆိုတဲ့သီချင်းလေးဟာ လည်းလူငယ်တွေကြား မှာ အရမ်းကိုဟော့ဖြစ်နေပြီ ပရိသတ်တွေ အရမ်းကို သဘောကျနေရတာပဲဖြစ်ပါတယ်။ပရိသတ်တွေကို ယနေ့အချိန်အထိအမိုက်စားဂီတတွေနဲ့ ဖမ်းစားထားနိုင်တဲ့ ကျား ပေါက်ရဲ့ (၃၅) နှစ်ပြည့်မွေးနေ့လေးကိုလည်းချစ်ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - ဟန်ထူးလွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။