အနုပညာလုပ်ငန်းတွေနဲ့အတူ လက်တလောမှာ ပရဟိတလုပ်ငန်းတွေဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့ ရွှေပိုး အိမ်ကတော့ မေ(၁၉)ရက်နေ့ မနေ့ကလည်း ပရဟိတကျောင်းတစ်ခုမှာ ထပ်မံသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။သူမကတော့ we love ပရိသတ်တွေ အတူသွားရောက်လှူဒါန်းသလို တစ်ကိုယ်တော်လည်း သွား ရောက်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။  

မနေ့ကလည်း ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ မိဘမဲ့ ကလေးဂေဟာ မှာသွားရောက်လှူဒါန်းခဲ့တယ်လို့ လေးစားဖွယ်ကြားသိရပါတယ်။မိဘတွေရဲ့ ဂရုစိုက်မှုအောက်မှာ ကြီးပြင်မယ့် အရွှယ်လေးဖြစ်ပေမယ့်လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းများစွာကြောင့် ကံဆိုးခဲ့ရရှာတဲ့သူတို့လေးတွေကို ကိုယ်ချင်းစာသောအားဖြင့် သူတို့လေးတွေကြိုက်တက်တဲ့ မုန့်လေးတွေ သွားလှူခဲ့တာပဲ ဖြစ်ပါတယ်။  

သူမရဲ့ လူမှုကွန်ယက်မှာလည်း “ အမှတ်(၂)မှန်ကင်းပရဟိတကျောင်းတိုက်မှာ ရှိတဲ့ကလေးလေးတွေကို သူတို့ ကြိုက်တတ်တဲ့ မုန့်ကလေးတွေ ဝယ်သွားခဲ့ပါတယ်ရှင်”ဆိုတဲ့စာလေးနဲ့ အတူလှူဒါန်းမှုကုသိုလ်ပုံရိပ်လေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်။ပရဟိတကိုဝါသနာပါတဲ့ ပရိသတ်တွေအတွက်လည်း သွားရောက်လှူဒါန်းနိုင်စေ ရန် ပရဟိကျောင်းရဲ့ လိပ်စာလေးကိုလည်း မျှဝေထားပါသေးတယ်။ လိပ်စာကတော့ မှန်ကင်းပရဟိကျောင်း အမှတ်(၂) ကျောင်း...ပုဏ္ဏမီလမ်းနှင့် ကျန်းစစ်သားလမ်းထောင့် (၈၆)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် U Ka WI ဆရာတော် ဦးကဝိ Ph-094225 44122 ပါ။လေးစားဖို့ကောင်းတဲ့ ရွှေပိုးအိမ်ရဲ့ ကုသိုလ်အလှူလေးကိုလည်း ချစ်ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ရွှေပိုးအိမ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။