အင်ဂျလီနာဂျိုလီမှ ဘရတ်ပစ်ကို ကွာရှင်းခွင့်တောင်း

ဂျိုလီမှ ဘရတ်ပစ်ကို ကွာရှင်းခွင့် တရားဝင်တောင်းခဲ့ပါတယ်။ ဂျိုလီရဲ့ ရှေ့နေ Robert Offer ပြောတာကတော့ မိသားစုကျန်းမာရေးအတွက် ဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်လို့ ပြောပါတယ်။ သတင်းတွေအရ ဂျိုလီက Brad ကလေးတွေအပေါ် ထိန်းသိမ်းစောင့်ရှောက်တဲ့ နည်းလမ်းနဲ့ပတ်သက်ပြီး သဘောမကျလို့လို့ ယူဆရပါတယ်။ ဆေးခြောက်သုံး၊ အရက်သောက်တယ်လို့ သူမကထင်ပြီး ကလေးတွေအပေါ်လည်း ဒေါသနဲ့ဆက်ဆံတာကြောင့် အန္တရာယ်ရှိတယ်လို့ ယူဆပြီး ကွာရှင်းခွင့်တောင်းခဲ့တာလို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။

ကွဲတဲ့နေ့ကို Sep 15 2016 လို့ဖော်ပြထားပါတယ်။

သူတို့စုံတွဲက ၂၀၀၄ ခုနှစ်ကတည်းကအတူရှိပြီး ၂၀၁၄ သြဂုတ်မှာ လက်ထပ်ခဲ့ကြပါတယ်။

ဒီသတင်းကတော့ သူတို့ရဲ့ပရိသတ်တွေအတွက် စိတ်မကောင်းစရာပါဘဲ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။