Life Style ဆိုတဲ့ အတိုင်း ကိုယ့်ရဲ့ life မှာ စတိုင်လ် ကျကျ နေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။ မိန်းကလေးအတွက်ကလည်း အလှအပ ရေးရာမှာ မဖြစ်မနေ ဗဟုသုတ ရှိဖို့ လိုအပ်ပါတယ်။ အလှအပ ဆိုတာက တခြားသူတွေ ကိုယ့်ကို မြင်ရင် ကြည့်ကောင်းနေဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ အလှအပ ရေးရာမှာ ဗဟုသုတကြွယ်လာတာနဲ့ အမျှ သင့်ရဲ့ ကျန်းမာရေးကိုလည်း သေချာစွာ ဂရုစိုက်လာမယ်ဆိုတာ အမှန်ပါပဲ။ ဒါ့ကြောင့် အရွယ်သုံးပါးအလိုက် သိသင့် သိထိုက်တဲ့ အခြေခံ အလှအပရေးရာ အကြောင်းကို အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်။

ဆယ်ကျော်သက်အရွယ်

(၁) တစ်ကိုယ်ရည် သန့်ရှင်းမှု က အရေးကြီးပါတယ်

(၂) ဖြစ်သလို ဝတ်စားဆင်ယဉ်ခြင်းကို ရှောင်ကြည်သင့်ပါတယ်

(၃) ပညာရေးမှာ ထူးချွန်ခြင်းက ငွေနဲ့ ပေးဝယ်လို့ မရတဲ့ style တစ်ခုဆိုတာကို ဆယ်ကျော်သက်တွေက လုံး၀ မမေ့သင့်ပါဘူး

(၄) ကိုယ်ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ဖန်တီးတာပဲဖြစ်ဖြစ်၊ ရွေးချယ်ဝတ်ဆင်တာပဲဖြစ်ဖြစ် လုပ်လို့ အကောင်းဆုံး အချိန်ပဲ ဖြစ်ပါတယ်။

သက်လတ်ပိုင်း

(၁) ကိုယ့်ရဲ့ life style နဲ့ ကိုက်ညီတဲ့ပုံကို ဝတ်စားဆင်ယဉ်ရမယ်

(၂) လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့ ဝတ်စားဆင်ယဉ်မှုမျိုး ဖြစ်ရမယ်

(၃) ကိုယ်ဝတ်ချင်တာထက် ကိုယ်နဲ့ လိုက်ဖက်တာကိုပဲ ရွေးချယ် ဝတ်ဆင်ရမယ်

(၄) သင့်တော်တဲ့ပြုမှု ပြောဆိုမှုမျိုးနဲ့ နေထိုင်တတ်ရမယ်

(၅) ခန္ဓာကိုယ်အလေးချိန်ကိုလည်း မဖြစ်မနေ ထိန်းသိမ်းသင့်ပါတယ်။

(၆) ဘဝတိုးတက်မှုနှင့်အတူ ကျန်းမာရေးနဲ့ အလှအပရေးရာကိုလည်း သိရှိနားလည် ထားရမယ်

၄၀ နှင့်အထက်

(၁) ကျန်းမာရေးကို အဓိက ထားပြီး လိုက်စားရမယ်

(၂) လှပ နုပျိုစေရန် ပြုမှု နေထိုင်ရမယ်

(၃) စိတ်ဖိစီးမှု လုံး၀ မယူဘဲ စိတ်ချမ်းသာမှုရှိတဲ့ နေရာကို ရွေးချယ်ရမယ်

(၄) စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ထိုက်အောင် ပြောဆို နေထိုင်ရမယ်။

(၅) ကိုယ့်ရဲ့ ဝါသနာနဲ့ စိတ်ချမ်းသာမှုရအောင် ဖန်တီးရမယ်။

ဒီအချက်လေးတွေကို သိရှိပြီး အရွယ်သုံးပါးလုံး လှပ ပျော်ရွှင်ပြီး အောင်မြင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Tina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။