(1) Koenigsegg CCXR Trevita

ဆွီဒင် ကုမ္ပဏီကနေထုတ်လုပ်လိုက်တဲ့ ဒီပြိုင်ကားဟာ ကမ္ဘာ့နံပါတ် (၁) ဈေးအကြီးဆုံးပြိုင်ကားနေရာကို ရယူထားပါတယ်။ နံပါတ် ၁ နေရာကို ထိုက်တန်စွာနဲ့ ရယူထားနိုင်စေတာကတော့ ဒီကားမှာ တန်ဖိုးကြီး စိန်တွေစီထားပြီး ကားရဲကိုယ်ထည်ကတော့ စိန်မှုန်တွေခြယ်ထားပါသေးတယ်။ တန်ဖိုးကတော့ ဒေါ်လာ (၄.၈)သန်းရှိပါတယ်

(2) Lamborghini Veneno

အီတလီနိုင်ငံ ရဲ့ နာမည်ကြီး ပြိုင်ကား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lamborighini ကုမ္ပဏီရဲ့ လူကြိုက်များ မော်လ်ဒလ် တစ်ခုဖြစ်တဲ့ Lamborghini Veneo ကတော့ စွမ်းဆောင်ရည်မြင့်တဲ့ ကားတစ်စီးလို့ဆိုရမှာ ဖြစ်ပါတယ်။ အဆိုပါကားကို Lamborghini ရဲ့ တည်ထောင်သူရဲ့ အသက်(၅၀) ပြည့်နှစ်မွေးနေ့ပွဲအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ 

(3) W Motors Lykan Hypersport

နာမည်ကြီး Fast and Furious ရုပ်ရှင်ကားထဲမှာ ပါဝင်ထားတဲ့ ဒီပြိုင်ကားလေးကို မှတ်မိကြမှာပါ။

ကားအတွင်းမှာ ပါတဲ့ တန်ဖိုးကြီး အစိတ်အပိုင်းတွေအပြင် တစ်နာရီကို မိုင် ၂၄၀ အထိမောင်းနှင်နိုင်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃.၄သန်းရှိပါတယ်။ 

(4) Bugatti Veyron by Mansory Vivere

Bughatti က ထုတ်လုပ်ထားတဲ့ ကားတွေကတော့ ကမ္ဘာ့အမြန်ဆုံးစာရင်းထဲ အမြဲလိုလို ပါဝင်လေ့ရှိတာပဲ ဖြစ်ပါတယ်။ အခုတစ်ခါလည်း Bughatti ရဲ့ ထုတ်ကုန် တစ်ခုဖြစ်တဲ့ ဒီကားလေးကတော့ ပေါ့ပါးတဲ့ ကာဗွန် ဖိုင်ဘာတွေနဲ့ တည်ဆောက်ထားပြီး အလွန်လှပတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃.၄သန်းပဲ ဖြစ်ပါတယ်။ 

(5) Ferrari Pinifarina Sergio

ကမ္ဘာကျော်ပြိုင်ကား ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Ferrari ကတော့ သူ့ရဲ့ ပြိုင်ကားထုတ်ကု် အသစ်တစ်မျိုးကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ ကားအစီးရေ ၆ စီးထက်ပို မထုတ်ထားပါဘူး ။ ဒါကြောင့် ပိုက်ဆံရှိရင်တောင်မှ လူတိုင်းဝယ်မစီးနိုင်တဲ့ ပြိုင်ကားလည်း ဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃သန်းပဲ ဖြစ်ပါတယ်။ 

Source:  Elite loader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။