တစ်ချိန်က အနုပညာလောကမှာ ရေးပန်းအစားဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ချောရတနာက တော့ လက်တလောမှာတော့ အနုပညာလောကနေ ပျောက်ကွယ်နေခဲ့တာကြာပြီပဲ ဖြစ်ပါတယ်။သူမကတော့ အိမ်ထောင်ကျပြီတဲ့ နောက်ပိုင်း ပျော်စရာမိသားစုလေးနဲ့ပဲ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဒုတိယမြောက်သမီးလေးကို မွေးဖွားထားပြီး သားလေးတစ်ယောက်သမီးလေးတစ် ယောက်နဲ့ အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင်ရေး Life လေးနဲ့ စိတ်ချမ်းသာနေတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို ရင်သွေးလေး ၂ယောက်မွေးဖွားပြီသည်တိုင် အလှတွေကတော့ မလျော့သေးဘူးပဲ ဖြစ်ပါတယ်။အိမ်ထောင်မကျခင် ကချပ်ချပ်ကပ်ကပ်ခန္ဓာ ကိုယ်လေးနဲ့ ဘော်ဒီဝိတ်ကို အမြဲထိန်းသိမ်းခဲ့တဲ့ သူမကတော့ လက်ရှိမှာ ရင်သွေးငယ်လေးတွေ မွေးဖွားထားပြီး အရင်ကလောက်မလှတော့ပေမယ့် ဝလို့လှလို့ဖြစ်နေပါသေးတယ်။ သူမကတော့ သူမကိုယ်သူမ ဝပြီပုံပျက်နေပေမယ့် ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေနဲ့ ပျော်ရွှင်နေပါတယ် ဆိုတဲ့ ရင်တွင်းခံစားချက်လေးတွေကို သူမရဲ့လူမှု ကွန်ယက်ကနေ “ကျွန်မကိုယ်တိုင်ဝမှာ အသေကြောက်သောသူပါ ဒါပေမဲ့ အခု ဒုတိယကလေး သမီးလေးကို မွေးပြီး ၂လ ပဲရှိပါသေးတယ် မိခင်နို့ လည်းသိပ်မထွက်ပေမဲ့ကြိုးစားပြီးတိုက်တယ်။

အဟာရပြည့်တဲ့နို့ ဖြစ်အောင်လည်း စားသင့်သလောက်စားရပါတယ် အဲ့ အတွက် ဝိတ်ကိုချချင်တယ် ထင်သလောက် ချလို့မရသေးပါ ကိုယ့်ပုံကလည်း ဝရင် ကြည့်ရသိပ်မကောင်းပါသိပါတယ်တချို့ ဝပေမဲ့ သိပ်ချစ်စရာကောင်းပြီးလှတဲ့ သူတွေရှိပါတယ် ကလေးမွေးပြီးပြီးချင်းပိန် ပြီး လှနေတဲ့သူတွေလည်းရှိပါတယ် သူတို့ကတော့ ကံကောင်းသူလေးတွေပေါ့နော် ပြောချင်တာက အခုအလှပျက်ပြီးဝနေပေမဲ့လည်း သိပ်ချစ် စရာကောင်းတဲ့ သားနဲ့သမီးလေးတွေနဲ့ သာယာနေတယ်ဆိုတာသူတို့သိအောင်ပြောပြတာပါဆိုပြီရေးသား ထား တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ချောရတနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။