ရွှေမင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်သလို ချစ်သူဖြစ်တဲ့ GFatt နဲ့ တွဲပြီးတော့လည်း စုံတွဲလိုက်အားပေးတဲ့ ပရိတ်သတ်တွေ အခိုင်အမာရှိနေတာပါ ။ ဘိုမရုပ်လေးလို ချောမောလှပတဲ့မင်းသမီးလေးက ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ အချိုးအစားကျနတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ်နေစေပါတယ် ။ 

ဖက်ရှင်အမျိုးမျိုးနဲ့ အနုပညာအလုပ်တွေ မအားလပ်အောင် လုပ်နေရတဲ့ မင်းသမီးလေးမှာ ဖက်ရှင်အသုံးအဆောင် အဝတ်အထည်တွေအများကြီးရှိမယ်ဆိုတာတော့ လူတိုင်းသိပြီးသားပါ ။ ဒါပေမယ့် အဲဒီပစ္စည်းတွေထားတဲ့အခန်းကို မင်းသမီးလေးက ပြလိုက်ချိန်မှာတော့ ပရိတ်သတ်တွေ အားကျသွားခဲ့ရပါတယ် ။ ပစ္စည်းတွေကို ဘီဒိုလှလှလေးတွေနဲ့ စနစ်တကျ သိမ်းဆည်းထားပုံတွေက မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက အခန်းလေးလိုပဲ လှပနေလို့ပါ ။ 

" အလုပ်တွေရှုပ်ခရီးတွေဆက်နေလို့ Dressing room လေးမရှင်းဖြစ်တာကြာပြီး အခုမှ ပြန်ရှင်းဖြစ်တယ်.. ကိုယ့်ဟာကိုယ် ရှင်းပြီးသဘောတွေကျနေမိတုန်း ဒီဇိုင်းဆွဲပေးတဲ့ comet interior decoration ကို ကျေးဇူးတင်စကားမတင်ပေးရသေးလို့ အခုမှရိုက်ပြီးတင်ရတယ်.. Hee hee ဆက်ဆံရေးကောင်း သဘောကောင်းပြီး စေတနာပါပါနဲ့ နန်းဆုစိတ်တိုင်းကျကို စိတ်ရှည်စွာ လုပ်ဆောင်ပေးတဲ့အတွက် comet ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် " ဆိုပြီး နန်းဆုက သူမရဲ့ အခန်းပုံလေးတွေကို ပြခဲ့တာပါ ။

ဒီလိုအခန်းမျိုးလေးကို လိုချင်တဲ့ မိန်းကလေးတွေ ရှိလား လို့မေးရင်တော့ Admin ကတော့ လိုချင်တဲ့နေရာမှာ ထိပ်ဆုံးကပဲနေမှာ ။ ဒါကလည်း မိန်းကလေးတွေရဲ့ အိပ်မက်တစ်ခုပဲလေနော် ။ 

သတင်းအရင်းမြစ် Nan Su Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။