မအေးသောင်းတစ်ယောက် မန္တလေး Remax Flagship Store ဆိုင်ဖွင့်ပွဲကိုရောက်ရှိနေ တာပဲဖြစ်ပါ တယ်။ အရင်နေ့တွေကထက်ပိုပြီး ထူးထူးခြားခြားလှနေတဲ့ သူမရဲ့ ပုံရိပ်လေး တွေက တကယ်ကို ကြွေချင်စရာပါပဲ။ သူမရဲ့အမိုက်စားပွဲတက်ဝတ်စုံဟာ ပြည့်ပြည့်ဖြိုးဖြိုးသူမရဲ့ ခန္ဓာကိုယ်လေးထက်မှာ အလှပဆုံးအနေအထားနဲ့ နေရာယူထားပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်မှာ အနုပညာလောကထဲကို တကျော့ပြန် ပြန်လည်ရောက် ရှိလာခဲ့ပြီး ပရိတ်သတ်တွေရဲ့ နွေးထွေးစွာပြန်လည် ကြိုဆိုမှုနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေ တာပဲဖြစ်ပါတယ်။ သူမက ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ " ရွှေလွန်း သံ " ဆိုတဲ့ ပိုးထည်ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။

သူမရဲ့အလှပဆုံး ပွဲတက်ပုံရိပ်လေးတွေကို " မန္တလေး Remax Flagship Store ဆိုင်ဖွင့် ပွဲ အမှတ်တရပုံများ အခုမှရ " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ တော်တော်လေးကိုလှတဲ့ ပုံရိပ်တွေမှာ အတုံးအရုံးကျရှုံးနေကြတဲ့ ပုရိသတွေသူမရဲ့ Post အောက်မှာ အများအပြား ပါပဲ။ အပြုံးလေးတွေနဲ့ ဖမ်းစားထားတဲ့ တည်ငြိမ်သူမအေးသောင်းရဲ့အလှအပတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Aye Thaug

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။