မြန်မာလက်ရွေးစင်အောင်သူကတော့ မြန်မာဘောလုံးချစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေသူလေးလည်းဖြစ်ပါတယ်။ယနေ့မှာတော့ အောင်သူရဲ့ မိခင်က အောင်သူငယ်ငယ်က ဘယ်လောက် ဘောလုံးရူးသွပ်ကြောင်းကို ပြောပြလာခဲ့ပါတယ်။အောင်သူမိခင်က"ညီအကိုသုံးယောက်စလုံး ဘောလုံးဝါသနာ ပါကြပါတယ်။အောင်သူကတော့ အဆိုးဆုံးပေါ့။ တစ်ရက်မှာ ကျောင်းမသွားဘူး အားကစားသိပ္ပံ ကိုပဲပို့ပေးဆိုပြီးငိုနေတယ်။ သူ့အဖေက ချော့ပြောပြီးမရတော့ ခါးပတ်နဲ့ လိုက်ရိုက်မှပဲ ကျောင်းသွားတော့တယ်။"လို့ပြောတယ်။

အောင်သူအမေက "အောင်သူနဲ့ မခွဲနိုင်ဘူးဆိုပြီး ပထမတော့ မပို့ဘူး။ နောက်ကျမှ အားကစားသိပ္ပံ ကဖုန်းဆက်ပြီး ခင်ဗျားသားကအရည်အချင်းရှိတယ်။ ကလေးရဲ့ အနာဂတ်ကိုမပိတ်ပင်ပါနဲ့ ဆိုပြီး ပြောမှ သွားအရွေးခံခိုင်းလိုက်တယ်။ မပါဘူးထင်တာပါသွားတယ်လို့"ပြောပြပါတယ်။ အောင်သူကတော့ "ဘောလုံးနဲ့ပညာရေး နှစ်ခုစလုံး သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘောလုံးကို အရမ်းဝါသနာကြီးတာကြောင့် ပညာရေးကို ဆုံးရှုံးခံလိုက်ရတယ်"ဆိုပြီး စိတ်မကောင်းစွာ ပြောဆိုထားပါတယ်။

အောင်သူက"အဓိကက အဖေပါပဲ။ အဖေက မရှိရှိရာ ရှာပြီး အကုန်လိုက်လုပ်ပေးတယ်။စိတ်ဓာတ်ကျနေချိန်မှာ အဖေက တွန်းအားပေးလို့ အောင်သူဖြစ်လာတာပါ။မြန်မာလူမျိုးဆိုတာက သင်္ကြန်ကျရင် ပျော်ချင်ကြတာလေ။ ကျွန်တော်ကတော့ လေ့ကျင့်နေရလို့ မပျော်ရဘူး။ကိုယ့်နိုင်ငံအတွက် ကြိုးစားနေရတယ်ဆိုတဲ့ စိတ်နဲ့ဖြေသိမ့်နေရတယ်"လို့ သနားစရာပြောဆိုထားပါတယ်။ချစ်ပရိသတ်ကြီးလည်း အောင်သူလိုမျိုး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုအတားအဆီးရှိရှိ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခငိဗျာ။

Soyrce : BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။