ဝိုင်းလေးက အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့အနုပ ညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ သူမရဲ့ အသံချိုချိုလေးတွေကြောင့် ပရိသတ်လက်ခံအား ပေးလာ တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ် ။ သူမရဲ့ " တာဝန်အရ တော့လွမ်းပေးပါ " ဆိုတဲ့သီချင်းက မိန်းကလေး ပရိသတ်တွေကြားမှာ အလွန်ရေပန်းစား ခဲ့ တဲ့ အောင်မြင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။

စတိုင်လန်းလန်းတွေနဲ့ အမြဲလန်းဆန်းတက်ကြွနေတတ်တဲ့ သူမက အခုတော့ မြန်မာဆန်ဆန် လေးနဲ့အရမ်းကို ကျက်သရေရှိရှိ လှပနေပါတယ် ။ မြန်မာ ဆန်ဆန် အဝတ်စားလေး နဲ့ နန်းဆန်နေတဲ့သူမ ရဲ့အပြုံးတွေကတော့ ကြွေချင်စရာကောင်းလွန်းပါတယ် ။ သူမက ဇလွန် ဘုရား ကို ရောက်ရှိနေတာ ဖြစ်ပြီး သူမရဲ့ Facebook စာမျက်နှာကနေ နန်းဆန်တဲ့ အလှ တွေကို ဖော်ပြလိုက်တာပါ ။ သူမ ကတော့ အိပ်မက်စုံရာသီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်တွေ ရဲ့အချစ်တွေကို စတင်ရရှိထားပြီး Miss Myanmar World 2014 အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ် ။

သူမရဲ့ Fan တွေကတော့ " ဖြူစင်လိုက်တဲ့ အပြုံးလေးတွေ " လို့ မှတ်ချက်ပေးထားတာတွေ့ရပါတယ် ။ သူမက အဆိုပညာမှာလဲတော်တဲ့အပြင် ချစ်စဖွယ်အပြုံးလေးတွေကြောင့် ပရိသတ်အချစ်ပိုနေရတဲ့သူလေးလဲဖြစ်ပါတယ် ။ သူမရဲ့နန်းဆန်တဲ့အလှကို ဖြူစင်တဲ့အပြုံးလေးတွေ ဖြည့်စွက်ထားတဲ့ ပုံရိပ်လေးတွေကို ဝိုင်းလေးကိုချစ်တဲ့ ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။