နိုင်ငံကျော်တေးသံရှင်စိုးသူနဲ့ မင်းသမီးချော စိုးမြတ်နန္ဒာတို့ကတော့ ဝေဖန်မှုအတိုက်ခိုက်တွေကြားကနေ လက် တွဲခိုင်မြဲခဲ့ပြီး တစ်ယောက်အပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်လျောက်လှမ်းနေကြတဲ့ အနုပညာရှင်စုံတွဲ လေးပဲ ဖြစ်ပါတယ်။မကြာခင်မှာလည်း စိုးသူတစ်ယောက် အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်တာကြောင့် လက်တွဲဖော်ကြင်နာသူအတွက် တောက်တိုမယ်ရလေးတွေ လုပ်ပေးရမယ်ဆိုပြီးစိုးမြတ်သူဇာ ကပြောလာပါတယ်။ 

သူမကတော့ ဒီလကုန်က နေစပြီး အလုပ်တွေ အတော်ရှုပ်တော့မှာကြောင့် ပရိသတ်တွေကို သတိရ နေကြဖို့လည်း အမှာစကားလေး ခြွေလိုက်ပါသေးတယ်။သူမရဲ့ လူမှုကွန်ယက်မှာလည်း ဒီလကုန်ကနေစပြီး အလုပ်တွေ အတော်ရှုပ်တော့မှာကလေးတွေကျောင်းပိတ်မယ် ၊ သူတို့ကို ခရီးပို့ ရမယ်၊ သူငယ်ချင်းတွေနဲ့ လဲ ခရီးရှည်သွားရမယ်၊ ဘစိုး ရုပ်ရှင်ရိုက်မှာကို တောက်တိုမယ်ရ လုပ်ပေးရမယ်။ပြီးတော့ online မှာ စီးပွားရေး တစ်ခုကို fan group က မောင်တွေ ညီမ တွေနဲ့လုပ်ဖို့ရှိတယ်။  

နောက်ထပ် အလုပ်တစ်ခုကတော့ US က ပစ္စည်းတစ်ခုကို ယူလိုက်တာ၊ ဘာလဲဆိုတာတော့နောက်မှ ကြော်ငြာဝင်တော့မယ်အဲဒီအလုပ်တွေနဲ့အပြိုင်အိမ်မှာပဲနေရင်းအလုပ်လုပ်ချင်တဲ့သင်တန်းကြေးတွေလဲမတတ်နိုင်တဲ့ အမတွေ ညီမတွေကို ကိုယ်တတ်ထားတဲ့ ပညာလေးတွေ ( မုန့်လုပ်တာ၊ ပန်းထိုးတာ ) share ဖို့ရှိတယ် လူတော့ နည်းနည်းရွေးမယ်နော် ( နောက်နှစ်ဆန်းလောက်ပေါ့နော်) အရင်လို စွာစိတွေလန်၊ ဖလန်းဖလန်း ပုံတွေမတင်နိုင်လဲ သတိရကြပါနော်”ဆိုပြီး ပရိသတ်တွေကို သတိရပေးကြဖို့ အမှာစကားလေး ခြွေလိုက်ရတာ ပဲ ဖြစ်ပါတယ်။  

သတင်းအရင်းအမြစ် - စိုးမြတ်နန္ဒာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။