မြန်မာလက်ရွေးစင် ကစားသမားအောင်သူဟာ ဆိုရင်မြန်မာနိုင်ငံတွင်မက ထိုင်နိုင်ငံမှာပါ နာမည်ကြီးနေသူ တစ်ယောက်လည်းဖြစ်ပါတယ် ။police Tero အသင်းမှာဆို အောင်သူကို အဓိကကစားသမားတစ်ဦးအဖြစ် အသင်းကသတ်မှတ်ထားရုံသာမက ပရိသတ်များကပါအောင်သူနာမည်ပါတဲ့ ဘောလုံးအကျီၤ များဝတ်ပြီး police Tero အသင်းကိုအားပေးကြတာလည်းတွေ့ရပါတယ် ။

အောင်သူကတော့ မြန်မာတွေ အတွက် အားထားရတဲ့ကစားသမားတစ်ဦးဖြစ်သလို Police Tero အသင်းအတွက်လည်း အားထားရတဲ့ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။မြန်မာ့ဘောလုံးကို နိုင်ငံတကာမှာ ပြန်ဦးမော့လာဖို့ ပြင်ဆင်နေကြတဲ့ အချိန်မှာ နိုင်ငံရပ်ခြားက အဆင့်မြင့် လိဂ်ပြိုင်ပွဲမှာ အောင်အောင်မြင်မြင်နဲ့ Professional ဘောလုံးသွားကစားနိုင်တဲ့ မြန်မာ ဘောလုံးသမား တစ်ဦးလည်း ဖြစ်ပါတယ် ။

သူကတော့ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ထိုင်းပရီမီယားလိဂ် ဘောလုံးလိဂ်ပြိုင်ပွဲက Police Tero အသင်းမှာ သွား ကစားနေတဲ့ တိုက်စစ်မှူး အောင်သူ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးဟာ ထိုင်းမှာလည်း ပရိသတ်တွေ ရဲ့ အားပေးမှု အပြည့်အဝ ရနေပါတယ်။ဘောလုံးချစ်ပရိတ်သတ်ကြီးရယ် အခုအချိန်မှာတော့ အောင်သူဟာဆိုရင် police Tero မှာ ထိုင်းပရိသတ် အမာခံရရှိနေပြီး လည်းဖြစ်ပါတယ်။

photo scoure း BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။