ပြောင်းဖူးကို ရာသီပေါင်းစုံးစားသုံးနိုင် သလိုဆောင်ရာသီမှာတော့ အများဆုံးတွေရှိရပါတယ်။ ပြောင်းဖူးကိုနည်းအမျိုးမျိုးနဲ့စိုက်ပျိုးနိုင်ပြီး အမျိုးမျိုး ပြင်ဆင်ချက်ပြုတ်စားကြပါတယ်။ ပြုတ်လိုပဲဖြစ်ဖြစ် ကျော်စားတာပဲဖြစ်ဖြစ် လူအများစုကြိုက်နှစ်သက်တဲ့သီးနှံ တစ်မျိုးဖြစ်ပါတယ်။ပြောင်းဖူးရဲ့ ကျန်းမာရေး အသုံးဝင်ပုံတွေကတော့ ပြောစရာတောင်လိုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သိပြီးသူတွေရော မသိတဲ့သူတွေအတွက် ပါတင်ပြလိုက်ပါတယ်နော်။ ပြောင်းဖူးဆိုရင် ပူပူလေးပြုတ်စားရင် ကောင်းမှကောင်းပေါ့ ။ ပြောင်းဖူးဟာဟင်း တိုင်းမှာလည်း ရောာထည့်စားသောက်လို့ရပါတယ်။ ပြောင်းဖူးမှာ အမျှင်ဓတ်တွေက တစ်ခြားသီးနှံ တွေထက် ပိုမြင့်မားစွာပါဝင်ခြင်း၊ အဆီဓာတ်လျော့နည်းခြင်းတို့အတွက် ဝမ်းချုပ်ခြင်း၊ မှကာကွယ်ပေးပြီးအစား ကြေခြင်းကိုလည်း ကောင်းမွန်စေပါတယ်။

အလေးချိန်တိုးလိုသူတွေအနေနဲ့ ပြောင်းဖူးမှာ ကယ်လိုရီဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေ ပါဝင်တဲ့အတွက် လည်းများစွာအထောက်အကူပြုစေလိုပါသည်။ ဆီးချိူ၊သွေးချိုရောဂါတွေကို သက်သာပျေက်ကင်းစေပါတယ်။ နောက်တစ်ခုကတော့ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။အမြင်အာရုံအတွက်လည်း များစွားအထောက်အကူ ဖြစ်နေပါတယ်ရှင့်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အသုံးဝင်တဲ့အပြောင်းဖူးကို နေ့စဉ်စားပေးသင့်ပါ တယ်နော်။ပြောင်းဖူးမှာ ကိုလက်စထရောကို လျော့ကျစေတဲ့အတွက် နှလုံးကျန်းမာရေးအတွက် နေ့စဉ်စားပေး သင့်ပါတယ်။ ပြောင်းဖူးမှာပါဝင်တဲ့ ကစီဓတ်တွေက အရေပြားပွန်းပဲ့ခြင်းဒဏ်ရာရခြင်း၊ အရေပြားနေ လောင်ခြင်း၊ဝက်ခြံ တွေကိုပါသက်သာစေနိုင်ပါ။ အလှပအတွက်ပများစွာအသုံးဝင်တဲ့ ပြောင်းဖူးကို အလှကုန် ပစ္စည်းတွေကပါ ထုတ်လုပ်နေကြပါတယ်နော်။ 

ဒါပေမဲ့ အလွန်အကျုးတွေတော့ မစားဖို့တောင်းဆိုချင်ပါတယ်ရှင့်။ တန်ဆေးလွန်ဘေး ကြာဖူးတယ်နော်။ ဒါကြောင့် အစားလည်းဆေး ဆေးလည်းအစားဖြစ်တဲ့ ပြောင်းဖူးကို နေ့စဉ်စားပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထူးလုပ်စရာမလိုဘဲ ကျန်းမာနေမှာ သေချာပါတယ်နော်။ ကဲပြောင်းဖူးရဲ့ကျန်းမာရေးကောင်းကျိုးလေးကို ဒီစာဖတ်မိရင် လူတိုင်းသိနေလောက်ပါပြီး ။အာလုံးပဲကျန်းမာရွင်လန်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။ 

Source : ayetheinmon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။