နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ LG ကုမ္ပဏီတစ်ခုကနေထုတ်လုပ်ထားတဲ့ LG G7 ThinQ ဟာတောင်ကိုရီးယားနိုင်ငံမှာ လူကြိုက်များနေတယ်လို့လည်း သိရပါတယ်။ စစ်တမ်းများအရ LG G7 ThinQ ကိုမှာယူထားတဲ့ အမှာစာပေါင်း ၇သောင်းကျော်ပြီး LG G6ကို မှာယူထားတဲ့ အမှာစာတွေကတော့ ၄သောင်းကျော်သာရှိပါတယ်။ 

ယခုလက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ LG G7 ThinQ မှာတော့ CPU ပိုင်းမှာဆိုရင် Snapdragon 845 Chipset ကိုအသုံးပြုထားပြီး RAM အနေနဲ့ကတော့ 6 GB ဖြစ်ပြီး မှတ်ဉာဏ်ပိုင်းအနေနဲ့ကတော့ 128 GB ပါဝင်လာမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ အနောက်ဘက်ကင်မရာပိုင်းမှာတော့ 16 MP ပါဝင်လာမှာ ဖြစ်ပြီး Selfie ကင်မရာက 8 MP ပါဝင်မှာ ဖြစ်ပါတယ်။ 

မျက်နှာပြင် အရွယ်အစားကတော့ ၆လက်မကျော်ပြီး လူကြိုက်များနေတဲ့ Notch ဒီဇိုင်းကိုပါ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ကိုလည်း ပိုမိုမာကျောစေရန် Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ဒီဖုန်းဟာ ရေစိုခံတဲ့အပြင် ကြိုးမဲ့အားသွင်းစနစ်လည်းပါဝင်တာလည်း ဖြစ်ပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။