ဘာစီလိုနာအသင်းကိုတော့ ပရိသတ်ကြီးသိမှာပါ။ ဘာစီလိုနာပရိသတ်တွေရဲ့ ရင်ကိုဆို့နစ်စေမဲ့ သတင်းကတော့ အသင်ခေါင်းဆောင် အင်နီယေစတာကတော့ ဘာစိလိုနာအသင်းနဲ့ လမ်းခွဲသွားပြီပဲဖြစ်ပါတယ်။ အသင်ခေါင်းဆောင် အင်နီယေစတာကတော့ ကစားသမားဘဝကို ဘာစီမှာ ၂၀၀၂ ၂၀၀၃ ရာသီက စတင်ခဲ့ပြီး ၁၆နှစ်အကြာမှာ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။ 

အသင်းခေါင်းဆောင် အင်နီယေစတာကတော့ ပွဲ/ဂိုး - ၆၇၄/၅၇ ပေါင်းသွင်းယူခဲ့ပြီး ပထမဆုံးရာသီ ဖြစ်တဲ့ ၂၀၀၂-၀၃မှာစတင်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ဆုဖလားအောင်မြင်မှုများ ကတော့ လာလီဂါ (၉)ကြိမ်၊ စပိန်ဘုရင့်ဖလား (၆)ကြိမ်၊ စပိန်စူပါဖလား (၇)ကြိမ်၊ ချန်ပီယံလိဂ် (၄)ကြိမ်၊ ဥရောပစူပါဖလား (၃)ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား (၃)ကြိမ် အထိရရှိခဲ့ပြီး အအောင်မြင်ဆုံး စပိန်သားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

ယနေ့မှာတော့ ဘောလုံး တစ်လောကလုံးရဲ့ ရင်ကိုဆို့နစ်စေမဲ့သတင်းကတော့ အသင်ခေါင်းဆောင် အင်နီယေစတာဟာ ည၁နာရီကျော်အထိအိမ် မပြန်ဘဲ ဘာစီလိုနာကွင်းကို မခွဲနိုင်မခွာရက်ဖြစ်ကာ တစ်ယောက်ထဲထိုင်ပြီး လွမ်းနေပါတယ်။ထိုသတင်းကိုကြားရသူတိုင်း မျက်ရည်ဆို့နှစ်စေပါတယ်။မနေ့ညက ဆိုဆီဒက် နဲ့ ကစားပြီး ဘာစီလိုနာကို လမ်းခွဲသွားပြီပဲဖြစ်ပါတယ်။အင်နီယေစတာကတော့ အော်စကာဆု ရလုနီးနီးဖြစ်ကာ မက်ဆီကိုမကျော်နိုင်ဘဲ မရခဲ့တာဖြစ်ပါတယ်။အင်နီယေစတာ တစ်ခြားအသင်းမှာ ပျော်ရွင်ပါစေလို့ ဘောလုံးတစ်လောကလုံးကဆုတောင်းပေးနေကြပါတယ်။

Source : Goal com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။