ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ် အသီးသီးမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၆ ဦး (ကျား ၁၀၃၊ မ ၄၃)တို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါသည်။ 

အလားတူစွာ ၂၀၁၈ခုနှစ်၊ မေလ ၁၉ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ် (၁)ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၇ ဦး (ကျား ၁၄၆၊ မ ၅၁)တို့ ပြန်လည် ဝင်ရောက်လာခဲ့ပါသည်။

၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်း မရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာ သွားကြောင်းသတင်းရရှိပါသည်။

Source - Ministry  of Home Affairs

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။