-ရုရှားကမ္ဘာ့ဖလားအကြို ကျင်းပတဲ့ Football For Friendship ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသား ဘောလုံးအကယ်ဒမီမှ မောင်မင်းခန့်သူ ကိုတော့ပရိသတ်ကြီးသိရှိပြီး အားပေးကြမှာပါ။မင်းခန့်သူကတော့ မြန်မာ့ဂုဏ်ဆောင်ဖို့ အသည်းအသန် လေ့ကျင့်ပြင်ဆင်နေပါတယ်။ 

မင်းခန့်သူကတော့ "ဒီမှာဆိုရင်တော့ အလယ်တန်းကစားတယ်။ ကမ္ဘာ့ဖလားမှာဆိုရင်တော့ နောက်တန်းကစားတယ်။ကျွန်တော်အကြိုက်ဆုံးပြည်တွင်းဘောလုံးသမားကတော့ ကိုအောင်သူပဲဖြစ်ပါတယ်။သူရဲ့ စိတ်ဓာတ်နဲ့ ကစားပုံကို အရမ်းကြိုက်တယ်။သူလိုမျိုးဖြစ်အောင်ကြိုးစားနေပါတယ်။ပြည်ပဆိုရင်တော့မက်ဆီကို အရမ်းကြိုက်ပါတယ်"လို့ ပြောဆိုထားပါတယ်။ 

မင်းခန့်သူအမေက"သူလိုချင်တာ အကုန်လုပ်ပေးတယ်။ဝန်ထမ်းဆိုတော့အချိန်ပြည့်တော့ သူ့နားမှာမရှိဘူး။မြန်မာဂုဏ်ဆောင်နိုင်အောင် ကြိုးစားဖို့တိုက်တွန်းထားတယ်။သူအရွေးခံရတဲ့အတွက် အတိုင်းမသိဝမ်းသာတယ်"လို့ပြောထားပါတယ်။မင်းခန့်သူကတော့" အရပ်မမီလို့ဖြုတ်ချခံရပါသေးတယ်။ကြိုးကြိုးစားစားနဲ့လေ့ကျင်ပြီး နောက်တစ်နှစ် ပြန်အရွေးခံတော့ ပါသွားတယ်"လို့ပြောပြထားပါတယ်။ချစ်ပရိသတ်ကြီးလည်း မင်းခန့်သူ ကိုအားပေးချစ်ခင်ပေးကြပါအုံးခင်ဗျာ။ 

Source :  MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။