(၁၉.၅.၂၀၁၈)ဟာ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ဗြိတိန်မင်းသား ဟယ်ရီ နဲ့ အမေရိကန်နိုင်ငံသူ မီဂန်မာကယ်လ်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲရှိတဲ့နေ့ပဲ ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေထဲမှာ အရှိန်အဝါကြီးမားသူတွေ၊ ပြည်သူချစ်ဆယ်လီတွေ စသဖြင့် ထင်ရှားကျော်ကြားသူများစွာ ပါဝင်ခဲ့ပါတယ်။ 

တက်ရောက်လာတဲ့ အမျိုးသားပရိသတ် အားလုံးထဲမှာတော့ လူ ပြောအများဆုံး ဖြစ်ခဲ့သူက အင်္ဂလန်ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းပါ။ တိုက်ရိုက် ထုတ်လွှင့်နေတဲ့ တော်ဝင်မင်္ဂလာပွဲနှုန်းဟာ ဘက်ခမ်းရောက်ရှိလာချိန်ကစပြီး ရုတ်ချည်း ဝုန်းခနဲ ထိုးတက် သွားတယ်တာ အ့ံ့သြစရာပါ။လူကြားထဲမှာ နှစ်ယောက်အတူတွဲပြီး မမြင်ရတာ ကြာပြီဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ ဟာ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Kim Jones ရဲ့လက်ရာ Dior (ဒီယော)အမှတ်တံဆိပ် ဝတ်စုံတွေကိုနဲ့ ပွဲတက်လာခဲ့တာပါ။ လိမ္မောရောင် ဒေါက်ဖိနပ်ဝတ်လာခဲ့တဲ့ ဗစ်တိုးရီးယားရဲ့ ဖက်ရှင်ကလည်း လူအများကို စွဲဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပုရိသအသည်းတွေ ကိုင်လှုပ်ခဲ့တဲ့ ဗစ်တိုးရီးယားတစ်ယောက် ခင်ပွန်းဖြစ်သူ ဘက်ခမ်းကိုတော့ မမှီခဲ့ပါတဲ့အပြင် ဖက်ရှင်ဂုရုတွေ က ဝတ်စုံဝတ်စရာမရှိ လို့ ဒီတစ်စုံကို ဘဲဝတ်ဆင်ခဲ့တာလားဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဗစ်တိုးရီးယားတစ်ယောက် အရောင်တူ ၊ အဆင်အပြင်တူ ၊ ဒီဇိုင်းကွဲ ဝတ်စုံနှစ်စုံကို တော်ဝင်မင်္ဂလာပွဲတက်ဝတ်စုံတွေအဖြစ်အသုံးပြုခဲ့လိုပါ။ ပရိသတ်တွေကတော့ ဘက်ခမ်းဟာ (၂၀၁၁)ခုနှစ်တုန်းက ဝီလျံနဲ့ ကိတ်တို့ တော်ဝင်မင်္ဂလာပွဲမှာကော အခုကျင်းပတဲ့ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမှာပါ (၂)ကြိမ်စလုံး တော်ဝင်မင်းသား သတို့သားတွေ ထက်ပိုပြီး ခန့်ညားတယ်လို့ ချီးကျူးခဲ့ကြပါတယ်။ပရိသတ်ကြီးရော သူတို့ဖက်ရှင်တွေနဲ့ပက်သတ်ပြီးတစ်ခုခုမှေတ်ချက်ပေးခဲ့ကြပါဦး။

Source - New.com.au

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။