မြန်မာနိုင်ငံမှာ အခုချိန်ထိ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှု ဒဏ်ကို ခံစား နေ ကြ ရဆဲ ဖြစ်ပါတယ် ။ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ဖြစ်စဉ် ရင်တွင်း  ခံစားချက်တွေကို Social Media သို့မဟုတ် အမျိုးသမီး အဖွဲ့အစည်းတွေမှာ ရင်ဖွင့် ပြော ကြားတာတွေလုပ်လာကြပါတယ် ။ မကြာသေးမီရက်ပိုင်းအတွင်းက လူမှုကွန်ယက်ပေါ်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေတဲ့အိမ်တွင်းအကြမ်းဖက်မှု တစ်ခုဖြစ်ခဲ့ပါတယ် ။ ဆရာဝန် မလေး တစ်ယောက်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူမခံစားခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတစ်ခုကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါတယ် ။

သူမဟာ မင်္ဂလာမဆောင်ရသေးခင်ထဲက ခင်ပွန်းဖြစ်သူရဲ့အကြမ်းဖက်မှုကို ခံခဲ့ရတာ ဖြစ်ပါ တယ် ။ မင်္ဂမဆောင်မီကတစ်ကြိမ် သူမကို ဆဲဆိုရိုက်နှက်ပြီ းလူကြားထဲ မှာအရှက်ခွဲခဲ့ တယ်လို့သိရပါတယ် ။ မင်္ဂလာဆောင်ပြီး နောက်ပိုင်းမှာလည်း သူမကို သည်းမခံနိုင် လောက်အောင် ဉာဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မခံနိုင်တဲ့အဆုံးမှာ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရင်ဖွင့်ရေးသားခဲ့တာပါ ။ လက်ရှိမှာတော့ အိမ်တွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွေကို ကျော်လွန်ပြီးနောက်ပိုင်းမှာတော့ သူမဟာ သာသနာ ဘောင် ထဲကို ဝင်သွားခဲ့ပါပြီ ။အခု သူမက ဥပဒေအရ အမှန်အတိုင်းပဲ ဖြစ်အောင် သူမရဲ့ခင်ပွန်း ကို ပုဒ်မ (၄) ခုနဲ့ တရားစွဲထားတယ်လို့လဲသိရပါတယ် ။ အမျိုးသမီးရေးရာနဲ့လည်း တိုင် ထားပါ တယ်လို့ဆိုပါတယ် ။

လက်ရှိအခြေနေမှာတော့ သူမရဲ့ခင်ပွန်းက သူမကို လူမဆန်စွာနှိပ်စက် စော်ကားခဲ့ပြီး တရားခံပြေးအဖြစ်နဲ့ ထွက်ပြေးနေတယ်လို့ဆိုပါတယ် ။ သူမ ခင်ပွန်းဖြစ်သူ တရားခံပြေးကို လက်ခံထားတဲ့ ဘယ်သူမဆို ဥပဒေအရ အရေးယူသွားမယ်လို့လဲ သိရပါတယ် ။ အချိန်ဘယ် လောက်ကြာကြာ စိတ်ရှည်ရှည်နဲ့ရင်ဆိုင်သွားမှာဖြစ်တယ်လို့လဲသူမ ပြောခဲ့ပါတယ် ။

အမျိုးသမီးတွေအနေနဲ့ မိမိတို့အိမ်ထောင်ဘက်မရွေးချယ်ခင်မှာ သေသေချာချာ အချိန် ယူ ပြီး လေ့လာထားသင့်ပါတယ် ။ အမျိုးသားတစ်ဦးရဲ့ အကြောင်းကိုု ကောင်းကောင်း မသိသေး ခင်မှာ အချစ်ကိုု ယုံုပြီး ဘဝကိုု မပုံုအပ်သင့်ပါဘူး။အိမ်တွင်းအကြမ်းဖက်မှုတွေကို ရင်ဆိုင် ရတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ အတိုင်းထက် အလွန်သည်းခံတာမျိုး မလုပ်ဘဲ တရား နည်းလမ်းကျကျ ဖြေရှင်းဆောင်ရွက်သင့်ပါတယ် ။ စာဖတ်သူတို့အနေနဲ့လည်း ဒီဖြစ်ရပ် လေးကနေ သင်ခန်းစာယူစရာတွေအများကြီးရရှိနိုင်တာမို့ အခြားသူတွေအတွက်လည်း ပြန်လည်မျှဝေပေးပါဦးနော် ။

Source : May Phyu Sin Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။