ကလေးသူငယ်တဦး လိင်ပိုင်း စော်ကားခံရမှုမှာ ဖုံးဖိပေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ချီလီနိုင်ငံမှာရှိတဲ့ ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး ၃၄ ပါးလုံးဟာ နုတ်ထွက်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆီ နုတ်ထွက်စာ တင်လိုက်ကြတယ်လို့သိရပါတယ်။

သူတို့ရဲ့ ကြီးလေးလှတဲ့ ထိမ်ချန်တဲ့ အမှားကျူးလွန်မှုအတွက် ခံစားရသူတွေနဲ့ ကျောင်းတော်ကို ခွင့်လွှတ်ဖို့လည်း သူတို့ဟာ တောင်းပန်ခဲ့ပြီးဖြစ်ပါတယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ အဲဒီနုတ်ထွက်စာတွေကို ချက်ချင်း လက်ခံမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဒါဟာ နာကျင်ဖို့ကောင်းပြီး ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်သလို ချီလီရဲ့ ကက်သလစ်ကျောင်းတော် တည်ရှိမှုကို လှုပ်ခါလိုက်တဲ့ ကိစ္စလည်းဖြစ်တယ်လို့ ပုပ်ရဟန်းမင်း ဖရန်စစ်က ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြောခဲ့ပါတယ်လို့သိရပါတယ်။

ဘုန်းတော်ကြီး ဖာနန်ဒို ကာရာဒီမာရဲ့ လိင်မှုဆိုင်ရာ အရှုပ်တော်ပုံ သတင်းကို အထက်က စစ်ဆေးသူစုံစမ်းလို့မရနိုင်အောင် ဘစ်ရှော့ ဟွမ်ဘားရိုစ့်က ဖုံးဖိထားခဲ့တယ်ဆိုပြီး သတင်းတွေ စဖြစ်လာခဲ့တာဖြစ်ပြီး သြဇာတိက္ကမ ရှိတဲ့ ဖာနန်ဒိုကာရာဒီမာဟာ ၁၉၇ဝ ပြည့်လွန်နဲ့ ၁၉၈ဝ ပြည့်နှစ်တွေတုန်းက လူငယ်တွေအပေါ် လိင်ပိုင်း မဖွယ်မရာမှုတွေ လုပ်ခဲ့တယ်ဆိုပြီး ဗာတီကန်က စစ်ဆေး တွေ့ရှိတဲ့အတွက် ဆုတောင်းမေတ္တာ ပို့သမှုတွေ ဘဝလက်ကျန် တလျှောက်လုံး မလုပ်ဖို့ ဒဏ်ခတ် ခံခဲ့ရပါတယ်လို့သိရပါတယ်။ သူဟာ ချီလီမှာ ရာဇဝတ်မှုအရ ပြစ်ဒဏ်ချမှတ် မခံရပေမယ့် လိင်ပိုင်းကျူးလွန်ခံရသူတွေအပေါ် စစ်ဆေးမှုတွေအရတော့ စွပ်စွဲချက်တွေဟာ မှန်ကန်ကြောင်း ဖော်ပြနေခဲ့ပါတယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။