ဘယ်လောက်တောင် ဦးလေးတစ်ယောက်ဖြစ်ရတာ စိတ်လှုပ်ရှားနေလိမ့်မလဲ။ ဇန်နဝါရီလ ၃ရက်နေ့မှာ Olivia ဆိုသူအမျိုးသမီးဟာ သမီးမိန်းကလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ မွေးဖွားပြီး သမီးလေးရဲ့ပုံတွေကိုလဲ အင်တာနက်မှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့်အင်တာနက်အသုံးပြုသူတွေဟာ ကလေးငယ်ကြောင့်မဟုတ်ဘဲ ချစ်စရာကောင်းတဲ့ ဦးလေးဖြစ်တဲ့သူကြောင့် တင်ထားတဲ့ပုံကို အကြိမ်ရေထောင်နဲ့ချီပြန်လည်ဝေမျှခဲ့ပါတယ်။

Oliviaဟာ သူမရဲ့မွေးကာစသမီးလေးကို မိသားစုဝင်တွေလာတွေ့တဲ့အချိန်မှာ သူမရဲ့မောင်ဖြစ်သူ Iris Kesslerကိုတွေ့ပြီး အံ့သြသွားခဲ့ပါတယ်။ Iris ဟာ ဝတ်စုံပြည့် စမတ်ကျကျဝတ်ပြီး သူ့ရဲ့ တူမလေးကို လာတွေ့ခဲ့ပါတယ်။ Iris ကိုမေးတဲ့အခါမှာတော့ ဦးလေးတစ်ယောက်အနေနဲ့ တူမကို ပထမဆုံးတွေ့တဲ့အချိန်က အရမ်းအရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူတွေကတော့ အသက် ၁၈ နှစ်သူရှိသေးတဲ့ Iris ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် ရယ်ရအခက် ငိုရအခက်ဖြစ်ခဲ့ပါတယ်။

Source : Sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။