ပရိသတ်အချစ်တော် ပက်ထရစ်ရှာကတော့ လက်တလော ပရိသတ်တွေကြားမှာ ညို့အားပြင်းတဲ့ မင်းသမီး ချောလေး အဖြစ်နဲ့ အရမ်းကို ရေးပန်းစားနေပါတယ်။သို့ပေမယ့် တစ်ချို့သောပရိသတ်တွေကြားမှာတော့ သူမ ရဲ့နှလုံးသားရေးရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။အကြောင်းကတော့ နိုင်ငံခြားသား အမျိုးသားတစ်ဦးကို ချစ်သူအဖြစ်ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေ ခံနေရ တာပဲ ဖြစ်ပါတယ်။ 

သူမကတော့ တစ်ချို့သောပရိသတ်တွေရဲ့ ဝေဖန်မှုတွေအပေါ် သူမရဲ့ အမြင်လေးတစ်ချို့ကို ထုတ်ဖော်ပြော ကြားခဲ့ပြီး ပညာသားပါပါနဲ့ တုန့်ပြန်လိုက်ပုံရပါတယ်။သူမရဲ့ အမြင်လေးကိုလည်းလူမှုကွန်ယက်မှာအခုလိုပဲ ပြောကြားလိုက်တပါတယ်။ “အခုတော့(၂၁)ရာစုလေ ဘုရင် တွေ ကျွန်တွေ ခေတ်ကုန်ခဲ့ပြီ သူတို့ကြိုက်ရင် ယူလို့ရခဲ့ကြပြီ နိုင်ငံမတူလည်း ယူကြပြီတခုလပ်တွေ၊ အပျိုတွေလည်း သိပ်ပြီးအရေးမပါတော့ဘူး။ 

လူကိုလူလို့ပဲမြင်ကြတဲ့ ခေတ် လူမှာ နှစ်မျိုးပဲရှိတယ်။ ကောင်းတဲ့သူနဲ့ ဆိုးတဲ့သူ ဆိုးတဲ့သူတွေကို လူ့အသိုင်း အဝိုင်းက ရှောင်ကျဉ်ကြတယ်။ ကောင်းတဲ့သူတွေကို လူ့အသိုင်းအဝိုင်းက ကြိုဆိုကြတယ်ကိုယ့်လူမျိုးဆို တဲ့ အမျိုးသားရေးစိတ်ဓါတ်တွေဟာ သိပ်များလာတဲ့အခါ အဆိပ်အတောက်တွေဖြစ်လာတာကိုသိကြတဲ့ ခေတ်သစ်တစ်ခုမတူညီသူတွေစုပေါင်းကာ ညီညွတ်မှုနဲ့ နေထိုင်ကြတဲ့ကမ္ဘာ” ဆိုတဲ့စာလေး သူမရဲ့ လူမှုကွန် ယက်မှာရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ပက်ထရစ်ရှာ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။