ပရိသတ်ကြီးအတွက် ဒီတစ်ခါ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုကို ဖော်ပြပေးလိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်တုန်းက Cedar Senai ဆိုတဲ့ ဆေးရုံကို ရောက်လာပါတယ်။ ဆေးရုံကို လူနာလာတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပေမယ့်လည်း ခုရောက်လာတဲ့ အမျိုးသမီးကတော့ အတော်လေးကို ထူးဆန်းနေပါတယ်။ သူမဟာ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ အဖြူရောင်ဟာမျိုးကို ဝတ်ဆင်ထားပါသေးတယ်။

ဒီလိုနဲ့ပဲ ဆေးရုံက ဝန်ထမ်းတွေက သူမကို ဆေးရုံလာပြတဲ့ လူနာလို့ထင်ပြီး ကုသပေးဖို့ စီစဉ်ထားကြပါတယ်။ ဒီတော့မှ ဆေးရုံက ဝန်ထမ်းတွေ သတိထားမိလိုက်တာကတော့ သူမရဲ့ မျက်နှာဟာ အတော်လေးကို ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်နှာတည်ကြီး ဖြစ်နေပါတယ်။ အမှတ်တမဲ့ ကြည့်လိုက်ရင် အရုပ်တစ်ရုပ်ကို အဝတ်စား ဝတ်ပေးထားသလားလို့ တောင် ထင်မှတ်ရပြီး အံကိုလည်း တင်းတင်းကြိတ်ထားတာတွေ့ရပါတယ်။ ဒီနောက်မှာတော့ ဆေးရုံဝန်ထမ်းတွေဟာ တင်းတင်းစေ့ထားတဲ့ ဒီအမျိုးသမီးရဲ့ ပါးစပ်ကို ခက်ခက်ခဲခဲ ဆွဲဖွင့်ပြီး ထွက်လာတဲ့ သွေးတွေတွေကို ဆေးကြောသုတ်သင်ပေးကြပါတယ်။ 

အာ့ဒီအချိန်မှာပဲ တချိန်လုံး အပြုံးအရယ်မဲ့ နေတဲ့ မျက်နှာကြီးဟာ ရုတ်တရတ် ရယ်ပြလိုက်တဲ့ အခါမှာတော့ ဆရာဝန်မှနှစ်ယောက်ဟာ ဆောက်တည်ရာ မရပဲ ထွက်ပြေး သွားကြပါတယ်။ သူ့ရဲ့ သွားတွေဟာ လူသားတွေရဲ့ သွားနဲ့ မတူပဲ ချွန်ထက်ပြီး ရှည်ရှည်မျောမျောပုံစံမျိုး ဖြစ်နေပါတယ်။ ထို့နောက် သူမဟာ ခြေကို တစ်လှမ်းခြင်းလှမ်းပြီး ဆေးရုံ ဝန်ထမ်းများ ရဲ့ မျက်နှာကို စိုက်ကြည့်ကာ ဆေးရုံပြင်ပသို့ တရွေ့ရွေ့ ထွက်ခွာ သွားပါတယ်။ ဒီဖြစ်ပျက်ရပ်ဟာ အမှန်တစ်ကယ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ ဒီထူးဆန်းတဲ့ အမျိုးသမီးဟာ ဘယ်ကလာလဲဆိုတာ ဘယ်သူမှ သေချာရေရာစွာ မသိကြပါဘူး။ 

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။