နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပေမယ့် ပြည်သူတွေရဲ့ ရင်ထဲမှာ ယနေ့ထိမမေ့နိုင်သေးတဲ့ သူရဲကောင်းတစ်ဦးကို ပရိသတ်တွေချစ်နေဦးမယ်ထင်ပါတယ်။ အဆိုပါ သူရဲကောင်းကတော့ မြန်မာတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်ပါတယ်။ 

လက်ရှိပြည်သူများစွာက ဗိုလ်ချုပ်အထိန်းအမှတ်ပွဲတွေအပါအဝင် များစွာသောအမှတ်တရတွေ ပြုလုပ်ပေးကြတာတွေ့ရပါတယ်။ အဆိုပါ ပြုလုပ်ချက်တွေထဲက မြောက်ဥက္ကလာပမြို့နယ်၊ မြရတနာ(၁၀)လမ်းနေ ပန်းပုဆရာ ဥိးကျော်ကျော်မင်းက ဗိုလ်ချုပ်ရုပ်ထုကို ဂုဏ်ယူစွာပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ရုပ်ထုကို တန်ဖိုးနည်းတဲ့အရာဖြင့် ပြုလုပ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ လေးစားအားပေးမှုကို များစွာရရှိခဲ့ကြောင်း သိရပါတယ်။ ပရိသတ်ကြီးအတွက် ဂုဏ်ယူစရာ မြန်မာ့ အနုပညာထဲက လေးစားစရာ ဗိုလ်ချုပ်ရုပ်ထုကြီးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Mya Than

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။