ပရိတ်သတ်တွေအားကျနှစ်သက်ကြတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့ g fatt နဲ့ နန်းစုကတော့ အမြဲဆိုသလို ပရိတ်သတ်တွေကို အားကျအောင်ပြုလုပ်တတ်တဲ့ စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ မနေ့ကဆိုရင်လည်း G fatt တင်ထားတဲ့ post လေးအောက်မှာဆိုရင်လည်း အပြန်အလှန်ပေးခဲ့ကြတဲ့ နန်းစုနဲ့ g fatt တို့ရဲ့ comment လေးတွေဟာ ပရိတ်သတ်တွေကို အားကျတာထက်ပိုစေခဲ့တာတွေ့ရပါတယ်။

G Fatt ရဲ့ ဟိုစဉ်စစခင်တဲ့နေက ကော်ဖီဆိုင်လေးရဲ့ထောင့်စွန်းဝိုင်းမှာ လို့ထင်ထားတဲ့ပို့အောက်မှာတော့ နန်းစုဟာ “သီးချင်းလေးများအကြောင်းပြောရင်း ရုပ်ရှင်ဇတ်လမ်းလေးများထဲမျောရင်း ဝှိုက်တီးလေးလည်းသောက်ရင်း 2 နှစ်တောင်ပြည့်သွားခဲ့ပြီ အဲ့နေ့ကနားညီးခံခဲ့တာ” လို့မန့်ခဲ့တာတွေ့ရပါတယ်။ ထို comment လေးကိုတော့ g fatt က” နားညီးတယ်ဟုတ်လား? ကိုယ့်ဆီက ဗဟုသုတတွေ တစ်သက်လုံး သုံးမကုန်အောင်ရလိုက်တာ ထည့်ပြောဦးလေ “ လို့ reply ပြန်ခဲ့တာတွေ့ရပါတယ်။

သူတို့နှစ်ယောက်စခင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်က နေ့ရက်လေးတစ်ရက်ကို မမေ့လျော့ဘဲ ယနေ့ထိ အမှတ်ရကာ သတိရတမ်းတနေတဲ့ G fatt ရဲ့ နန်းစုအပေါ်ထားတဲ့ အချစ်တွေကတော့ လေးနက်မှုရှိလှပါတယ်။ စခင်တဲ့နေ့ကနေစပြီး နောင်အနာဂတ်အချိန်ထိပါ မိမိစဉ်းစားစိတ်ကူးထားတဲ့ အကြောင်းအရာလေးတွေကို သီချင်းလေးတစ်ပုဒ်အဖြစ် ဖန်တီးပြီးပေးမယ့်သူသာရှိမယ်ဆိုရင် မလိုချင်တဲ့ မိန်းကလေးရှိမယ်လို့မထင်ပါဘူး။ ထို့အတူပဲ g fatt ရဲ့လေးနက်လှတဲ့ အချစ်တွေရဲ့ ကြွယ်ဝလှတဲ့ တော်ကီတွေကြောင့် မမနန်းစုကလည်း တနေ့ထက်တစ်နေ့ အချစ်တွေတိုးရင်း အမြဲသာယာပျော်ရွှင်တဲ့ နေ့ရက်တွေကိုသာ ပိုင်ဆိုင်ထားနိုင်မယ်လို့ထင်ပါတယ်။ ပရိတ်သတ်တွေရော g fatt လိုချစ်သူလေးတစ်ယောက်လောက် မလိုချင်ကြဘူးလား။

source - G Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။