ပုံပြင်စာအုပ်ထဲမှာ သူတို့ရဲ့အမှတ်တရအကြောင်းလေးတွေကို ဇာတ်လမ်းသဖွယ်ရေးပြီး မေ့မရနိုင်တဲ့ တန်ဖိုးရှိတဲ့လက်ဆောင်အနေနဲ့ပေးခဲ့ပါတယ်။

အရမ်းချစ်တတ်တဲ့သူမို့လား၊ ချစ်သူရဲ့ ပုံပြင်ကြိုက်တတ်တာလေးကို ကောင်းကောင်းအသုံးချပြီး လက်ထပ်ခွင့်တောင်းလိုက်တဲ့သူကတော့ Shirin ဆိုတဲ့ သူ့ရဲ့ချစ်သူကောင်မလေးရဲ့ နှလုံးသားကို ပိုင်ပိုင်နိုင်နိုငိသိမ်းယူသွားသူတစ်ယောက်ဖြစ်မှာပါ။

ပုံပြင်စာအုပ်ထဲမှာ သူတို့နှစ်ယောက်ဖြတ်သန်းလာခဲ့တဲ့အချိန်တွေ၊ တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေ၊ ပထမဦးဆုံးအနမ်းတွေပါဝင်ပြီး ကောင်မလေးကစားနိုင်ဖို့ ပဟေဠိဆန်ဆန်ဖန်တီးထားတဲ့ ဂိမ်းလေးတွေလဲပါပါတယ်။

ကဲ..ဒီလိုလူမျိုးကို ချစ်သူတော်မထားချင်ကြဘူးလား။

Source : sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။