ပရဟိတမင်းသမီးတစ်ဦးဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ခိုင်နှင်းဝေကတော့ ထိုင်းနိုင်ငံမှာ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်များ ခန့်အပ်ထားတယ်လို့ သိရပါတယ်..။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေအခက်အခဲဖြစ်ရင်တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ဖို့အတွက် ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်များထားရှိတာဖြစ်တယ်လို့ သူမကဆိုပါတယ်..။

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ (၆)နာရီကြာအောင်ကားစီးသွားရတဲ့ ခိုလမြို့မှာ အသင်းသားတွေတွေ့ဆုံခဲ့ကြပြီး ခိုင်နှင်းဝေပရဟိတအသင်းကိုယ်စားလှယ်အဖြစ် အသင်းသား(၄၂)ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်..။

ကိုယ်စားလှယ်အသင်းသားတွေနဲ့တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးတွေကိုတော့ ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

မင်းသမီးခိုင်နှင်းဝေကတော့ အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ပရဟိတလုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အတွက် ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ထိုင်းနိုင်ငံကို ပရဟိတလုပ်ငန်းတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းကရောက်ရှိနေတာ ဖြစ်ပြီး သူမရဲ့ခရီးသွားပုံရိပ်လေးတွေကလည်း မျှဝေထားတာလည်း တွေ့ရပါတယ်..။

Photo - ခိုင်နှင်းေ၀

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။