၂၀၁၈ခုနှစ်ထဲမှာတော့ ဆံပင်အတိုပုံစံလေးတွေ အရမ်းကို ရေပန်းစားလာတာပရိသတ်တွေ သတိထားမိကြမယ် ထင်ပါတယ်။ အနုပညာရှင်မင်းသမီးချောလေးတွေတော်တော်များလည်း ဆံပင်အတိုလေးတွေ ညှပ်လာကြတာ ကို မြင်တွေ့ရပါတယ်။ဒီနေ့မှာလည်း ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကလည်း ဆံပင် အတိုလေး ညှပ်လိုက်ပြီး အရမ်းကိုလှနေပါတယ်။ 

သူမကတော့ ချစ်စရာကောင်းတဲ့ ဆံပင်အတိုပုံစံလေးကို ပြောင်းလိုက်တာဖြစ်ပြီး ကလေးလေးတစ်ယောက်လို အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။အိမ်ထောင်ကျပြီးမှ အရင်ကထက်ပိုပြီး နုပျိုလှပနေတာကြောင့် ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုတွေအချစ်တွေနဲ့ နေရက်တိုင်း စိတ်ချမ်းသာနေပုံရပါတယ်။ 

သူမကတော့ အိမ်ထောင်ရေးကံကောင်းသလို ပရိသတ်တွေအားကျနေရတဲ့ အိမ်ထောင်သည်ဘဝလေးနဲ့ အနုပ ညာလုပ်ငန်းတွေလုပ်ကိုင်းရင်း ပျော်ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းလေးတွေလုပ် လိုက်လက်တွဲဖော်နဲ့ ခရီးလေးတွေထွက်လိုက်နဲ့ အိမ်ထောင်ကျပြီးမှ သမီးရည်းစားစုံတွဲလေးတွေလိုဖြစ်နေတဲ့ သူတို့ ဇနီးမောင်နှံလေးကို ပရိသတ်တွေ အရမ်းအားကျနေရပါတယ်။ခင်ပွန်းရဲ့ အချစ်တွေနဲ့ ပျော်ရွှင်နေတဲ့ နန်းမြတ်ဖြိုးသင်းရဲ့ ဆံပင်အသစ်လေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - နန်းမြတ်ဖြိုးသင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။