ဒီကနေ့ မတ်လ 22 ရက်နေ့မှာ မွေးနေ့ကျရောက်လာတဲ့ အနုပညာရှင်တွေထဲမှာတော့ ပရိတ်သတ်တွေချစ်ကြတဲ့ rapper မလေး bobby soxer ခေါ် ထက်ထက် လဲပါဝင်နေပါတယ်။ မွေးနေ့ဆိုတာ တစ်နှစ်မှာတစ်ခါသာ ကျရောက်တဲ့ နေ့ထူးနေ့မြတ်လေးတစ်ရက်ဖြစ်တာကြောင့် သူမအတွက်တော့ ဒီနေ့လေးဟာ အရမ်းပျော်ရွှင်ရတဲ့ နေရက်လေးတစ်ရက်ဖြစ်မယ်လို့ထင်ပါတယ်။

ထက်ထက်ကတော့ မကြာသေးမီရက်ပိုင်းလေးတုန်းကမှ တေးသံရှင်လွှမ်းပိုင်နဲ့ ချစ်သူသက်တမ်း 9 နှစ်ပြည့်ထားတဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ နားလည်မှုအပြည့်နဲ့ ခိုင်မြဲလှတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားသလို အေးချမ်းသာယာတဲ့ ဘဝလေးတစ်ခုကိုပိုင်ဆိုင်ထားနိုင်တာကတော့ သူမရဲ့ ဆုလာဒ်တစ်ခုပါပဲ။ ဒီကနေ့မွေးနေ့ဟာဆိုရင်လည်း ထက်ထက်ရဲ့ 25 နှစ်ပြည့်မွေးနေ့လေးဖြစ်တာကြောင့် သူမအနေနဲ့ အရမ်းပျော်ရွှင်နေရမယ်ထင်ပါတယ်။

လက်ရှိမှာဆိုရင်လည်း ထက်ထက်ဟာ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားနိုင်တဲ့ တေးသံရှင်မလေးတစ်ဦးဖြစ်သလို အချစ်ခရီးလမ်းလေးကပါ ဖြောင့့်ဖြူးနေတော့ သူမရဲ့ဘဝလေးက အားကျစရာလေးပါပဲ။ ယနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး အရာအရာအဆင်ပြေကာ ဖြတ်သန်းနေရတဲ့ ဘဝလေးက ဒီ့ထက်ပိုသာယာဖြောင့်ဖြူးကာ အမြဲပျော်ရွှင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိတ်သတ်တွေလည်း ထက်ထက်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြဦးနော်။

source - Htet Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။