သရုပ်ဆောင်မိုးယုစံကိုတော့ ပရိသတ်ကြီးချစ်မှာပါ။ မိုးယုစံကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူရဲ့ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်ရင်ထဲ နေရာယူနေသူလေးလည်း ဖြစ်ပါတယ်။ မနေ့ကတော့ သူရဲ့ချစ်စရာသားလေး ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ 

မိုးယုစံကတော့ "မာမီချစ်လေးb d အကြောင်းပြ၍ family dinner စားခြင်း မာမီ သည်းလေးက မာမီလေးရဲ့ အသက်လေးပါပဲကွယ်" လို့စနောက်ထားပါတယ်။ မနေ့ညကတော့ မိသားစု စုံလင်စွာနဲ့ အပြင်ထွက်ပြီး family dinner စားခဲ့တာပဲဖြစ်ပါတယ်။မိုးယုစံကတော့ ချစ်ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။

မနေ့ကတော့ မိုးယုစံရဲ့အပျော်တွေ စုပုံနေတဲ့ နေ့လေးပဲဖြစ်ပါတယ်။ မနေ့ညကတော့ သူရဲ့ facebook အကောင့်လေး ပြန်ရခဲ့ပါပြီ။ အကောင့်ပြန် ရရချင်း Live လွင့်ပြခဲ့ပါတယ်။ မိုးယုစံကတော့ အကောင့်လေးပြန်ရလို့ တော်တော်ပျော်နေပုံပါပဲ။ ချစ်ပရိသတ်ကြီးလည်း မိုးယုစံလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။