ပရိသတ်အချစ်တော်မင်းသမီးချောလေး ခိုင်သင်းကြည်ကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်မှုပိုင်းမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒီကနေ့ ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အတိတ်ကအမှတ်တရလေးတွေကို ပြန်လည်ပြသထားတာတွေ့ရပါတယ်။ အဆိုပါ အမှတ်တရလေးကတော့ သူမရဲ့ အကယ်ဒမီရွှေကြယ်လေးကို လှူဒါန်းခဲ့တဲ့ အမှတ်တရလေးပဲဖြစ်ပါတယ်။ အဆိုပါ ရွှေကြယ်လေးကို မေလ ၂၁ ရက်နေ့ ၂၀၁၆ ခုနှစ်က အောင်ဇမ္ဗူတောရကျောင်းတွင်ရှိသော မုနိဘုရားမှာ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ အလှူအမှတ်တရ ဓာတ်ပုံလေးတွေက သူမအတွက် ကြည်နူးဝမ်းသာစရာ အမှတ်တရတစ်ခုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂နှစ် ကဆုန်လပြည့်နေ့က လှူဒါန်းခဲ့တဲ့ မခိုင်ရဲ့အလှူဓာတ်ပုံအမှတ်တရလေးတွေက သူမအတွက် တစ်သက်စာ မြင့်မြတ်တဲ့ကုသိုလ်တစ်ခုပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ အတိတ်အမှတ်တရအလှူမှ ဓာတ်ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။