မော်ဒယ်သရုပ်ဆောင် နဒီဝင့်နိုင်ဟာ အနုပညာလောကမှာ ပရိသတ်အားပေး လက်ခံမှု ရရှိပြီးသား သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ် ။ သူမက မကြာသေးမီအချိန်က အိမ် ထောင်ပြုတော့မယ်လို့ ပရိသတ်ကိုအသိပေးခဲ့ပါတယ် ။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် သူမချစ်သူနဲ့ လမ်းခွဲပြတ်စဲခဲ့တယ်လို့သိရပါတယ် ။ ဒါပေမယ့် သူမကတော့ အနုပညာအလုပ် တွေနဲ့ ပရိသတ်အတွက်ပေးဆပ်သွားပါမယ်လို့ အင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့ပါတယ် ။

လက်ရှိမှာတော့ သူမက မြဝတီမြို့ကိုရောက်ရှိနေတယ်လို့သိရပါတယ် ။ သူမဟာ မြဝတီ ဘုရားငါးဆူကျောင်းတိုက် ဘုရားထီးတော်တင်ပွဲအခမ်းအနား ကိုရောက်ရှိနေတာဘဲ ဖြစ် ပါတယ် ။ သူမနဲ့အတူ နွေးနဒီ ၊ ပွင့်နဒီမောင်တို့လဲ ထီးတင်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ ကြပါတယ် ။ သူမကတော့ ဗေဒါရောင် မြန်မာဝတ်စုံလေးနဲ့အရမ်းကိုလှနေတာပါ ။

ဗေဒါရောင် ရင်စေ့အင်္ကျ ီလေးနဲ့ အစိမ်းရောင်ကို ဗေဒါရောင်ချိတ်ဖောက်ထားတဲ့ ထဘီလေး ကိုဝတ်ထားတာ အရမ်းကို လှနေပါတယ် ။ ဆံပင်ရှည်ရှည်လေးနဲ့ မြန်မာဆန်ဆန် ဝတ်စုံ လေး ဝတ်ထားတဲ့သူမက အရမ်းကိုကျက်သရေရှိနေပါတယ် ။ သူမက နှလုံးသားရေး ကိစ္စ တွေအဆင်မပြေပေမယ့်လည်း သူမရဲ့အနုပညာအလုပ်တွေကိုတော့ အရင်က ထက်ပို ပြီး ကြိုးစားလုပ်ကိုင်သွားမှာပါလို့ဆိုပါတယ် ။ အဲ့ဒါကြောင့် နဒီဝင့်နိုင်ကိုချစ်တဲ့ ပရိသတ်ကြီး လဲ သူမကို အားပေးလိုက်ကြပါဦးနော် ။

Source : Nadi Wint Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။