မကြာသေးခင်ကမှ အသက်(၂၈)နှစ်ပြည့်မွေးနေ့လေးကို ဖြတ်သန်းခဲ့တဲ့ ပိုပိုကတော့ တစ်ကိုယ်တည်းအပျိုကြီး ဘဝနဲ့ပဲ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေပါတယ်။အချစ်ရေးမှာ ကံဆိုးတယ်လို့ ပြောခဲ့ဖူးတဲ့သူမကတော့ သူမအ ပေါ်မကောင်းတဲ့ ကြောက်စရာကောင်းတဲ့ ချစ်သူမျိုးတွေနဲ့ ပဲတွေ့ကြုံရဖူးတာကြောင့် လက်ရှိမှာ ရည်စားမထား တော့ပဲ တစ်ကိုယ်တည်းဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ 

ချစ်သူ၊ ရည်းစားမထားတော့ပေမယ့် သူမရဲ့စိတ်ကူးထဲကောင်လေးမျိုး၊သူမသဘောကျတဲ့ ကောင်လေးမျိုးရဲ့ ပုံ စံလေးကိုပြောပြလာခဲ့ပါတယ်။သူမကတော့ကိုယ်ကသွားတက်လေးတွေပါရင်ပါးချိုင့်လေးတွေပါတဲ့ယောကျာ်းလေးတွေဆို ကြွေပါတယ်လို့ ပြောပြလာပါတယ်။ဆံပင်ရှည် တာလေး ကိုလဲကြိုက်တယ်။ မျက်ခုံး လေးတွေ မဲနက် ပြီးယောကျာ်းပီသတဲ့ ကောင်လေးမျိုးလေးတွေကိုလည်း ကြွေပါတယ်တဲ့နော်။

သို့ပေမယ့် အချစ်နဲ့ ဝေးကွာပြီး ရင်မခုန်ရတာ ကြာပြီဖြစ်တဲ့ သူမကတော့”အော် ကိုယ်ရင်မခုန်တာ ကြာပေါ့”ဆိုပြီး စိတ်မကောင်းဖွယ်ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။သူမသဘောကျတဲ့ စိတ်ကူးထဲက ကောင်လေးပုံစံမျိုးလေးတွေနဲ့ အမြန်ဆုံး RS ချိတ်ပြီး စိတ်ချမ်းသာပျော်ရွှင်တဲ့ ဘဝလေးကို အမြန်ဆုံးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ကြ ပါအုန်း ချစ်ပရိသတ်ကြီးရေ။

သတင်းအရင်းအမြစ် - ပိုပို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။