မြန်မာနိုင်ငံရဲ့ မော်ဒယ်လောကထဲမှာတော့ ပြည့်ဝတီဟာ တဖြေးဖြေးနာမည်ရလာတဲ့ တက်သစ်စမော်ဒယ်မလေးတစ်ဦးပဲဖြစ်ပါတယ်။ ပြည့်ဝတီကတော့ လက်ရှိအချိန်မှာဆိုရင်လည်း အနုပညာတွေအလုပ်တွေများစွာလုပ်ကိုင်နေသလို မိမိရဲ့အရည်အသွေးတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးတက်လာအောင် ကြိုးစားနေသူလေးတစ်ဦးလည်းဖြစ်ပါတယ်။

ယနေ့မှာကျရောက်လာတဲ့ သူမရဲ့မွေးသမိခင်ကျေးဇူးရှင်ရဲ့ မွေးနေ့ရက်မြတ်လေးမှာဆိုရင်လည်း ပြည့်ဝတီဟာ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ မေမေ ၊ သမီးရဲ့ဘေးနားမှာ အမြဲတမ်းနေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဆိုပြီးမွေးနေ့ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင်သူမရဲ့ချစ်မေမေနဲ့ ကုသိုလ်ကောင်းမှုလေးတွေ အတူပြုလုပ်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့တာတွေ့ရပါတယ်။ ပြည့်ဝတီကတော့ ကုသိုလ်ရေးဆို အမြဲလက်မနှေးတဲ့ အပြင် မိဘအပေါ်ကို အမြဲသိတတ်နားလည်း အလေးထားတတ်တဲ့ သမီးလိမ္မာလေးတစ်ဦးပဲဖြစ်ပါတယ်။

ယခုမြင့်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း အမေနဲ့ သမီးရဲ့ ကြည်နူးဖွယ်ရာ သံယောဇဉ်ကြိုးတွေ မြင့်တွေ့နေရသလို အချစ်ပါတဲ့ အကြည့်လေးတွေကိုပါ မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ မိဘတိုင်းဟာဆိုရင်လည်း မိမိအပေါ် အရာအားလုံးသိတတ်နားလည်ပြီး လိမ္မာလှတဲ့ သားသမီးလေးတွေလိုခြင်ကြမယ်လို့ထင်ပါတယ်။ ပြည့်ဝတီရဲ့ ချစ်မေမေဟာဆိုရင်လည်း ပြည့်ဝတီလိုချစ်စရာလည်းကောင်းလှသလို လိမ္မာရေးခြား ရှိလှတဲ့ သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားနိုင်တဲ့အတွက် အမြဲတမ်းစိတ်ချမ်းသာရမယ်လို့ထင်ပါတယ်။

source - Pyae Wade

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။